DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စု မီးရှို့သတ်ဖြတ်ခဲ့သည့် အရပ်သား ၃ ဦးအပါအဝင် ကျဆုံးပြည်သူ ၂၇၃၄ ဦးထိရှိလာ
DVB
·
January 13, 2023
စစ်အုပ်စု မီးရှို့သတ်ဖြတ်ခဲ့သည့် အရပ်သား ၃ ဦးအပါအဝင် ကျဆုံးပြည်သူ ၂၇၃၄ ဦးထိရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်နီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၇၃၄ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၇,၂၅၀ ယောက် ထိရှိလာခဲ့ပြီလို့ အေအေပီပီက ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၃,၄၉၅ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂,၀၅၇ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ အယောက် ၁၀၀ ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၂ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၇၃၁ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်မနက် ၁၀ နာရီလောက်က စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ခလရ ၄၁၆ က ရမ်းသန်းပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အင်း တော်လေး ကန်ပတ်လမ်းအနီးက လယ်ကွင်းထဲမှာ ပဲစိုက်နေတဲ့ တောင်သူ ဦးနိုင်ဝင်းဟာ ပေါင်ကို ထိမှန်ခဲ့ပြီး သွေးထွက်လွန်ကာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဦးနိုင်ဝင်းရဲ့ ဇနီးဖြစ်သူလည်း ဒဏ် ရာရရှိခဲ့တာကြောင့် အင်းတော်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ အေအေပီပီက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ တည်ပင်ကျေးရွာနဲ့ ရှမ်းကုန်းကျေးရွာကို အင်အား ၁၅၀ လောက်ရှိတဲ့ ဖောင်းပြင်အခြေစိုက် ခမရ ၃၆၈ တပ်နဲ့ ပျူစောထီးပူးပေါင်း စစ် ကြောင်းတို့က စစ်ကြောင်းထိုးခဲ့တာကြောင့် အရပ်သား ၃ ယောက် စစ်ဘေးရှောင်နေချိန် စစ်ကြောင်းနဲ့ ထိပ်တိုက်တိုးကာ ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ အရပ်သား ၃ ယောက်ကတော့ ရှမ်း ကုန်းကျေးရွာက ဦးခင်မောင်ထွန်း (ခ) ကြက်တော၊ တည်ပင်ကျေးရွာက ကိုကျော်စိုးမိုး (ခ) ဘိုဘိုနဲ့ ကိုဆန်းမြင့်အောင် (ခ) ကြက်ခေါင်းတို့ ဖြစ်ကြပြီး သူတို့ဟာ မီးရှို့ သတ်ဖြတ်ခံခဲ့ရကာ သူတို့ရဲ့ ရုပ်အလောင်း တွေကိုတော့ ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်တွေမှာ ပြန်လည်တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013