DVB Logo
Home
မြန်မာသတင်း
သတင်းလွတ်လပ်ခွင့်ပေးရန် ချင်းဂျာနယ်လစ်ကွန်ရက် တောင်းဆို
DVB
·
May 27, 2014
သတင်းလွတ်လပ်ခွင့်ပေးရန် ချင်းဂျာနယ်လစ်ကွန်ရက် တောင်းဆို
1 / 2
Donate to DVB

မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်၊ သတင်းရယူပိုင်ခွင့်နဲ့ မီဒီယာလွတ်လပ်ခွင့်တွေကို အစိုးရက အကောင်အထည်ဖော်ပေးဖို့ ချင်းတိုင်းရင်းသား မီဒီယာအဖွဲ့တွေနဲ့ ပေါင်းစည်းထားတဲ့ ချင်းမီဒီယာ ဂျာနယ်လစ်ကွန်ရက်က တောင်းဆိုလိုက်ပါတယ်။

chinပြည်တွင်းပြည်ပက ချင်းမီဒီယာအဖွဲ့ပေါင်း ၂၃ ဖွဲ့ဟာ ချင်းပြည်နယ် မြို့တော်ဟားခါးမှာ မေ ၂၁ ရက်ကနေ ၂၇ ရက်ထိ တပတ်ကြာ လာရောက်တွေ့ဆုံဆွေးနွေးပြီး ကြေညာ ချက်ထုတ်ပြန် တောင်းဆို လိုက်တာဖြစ်ပါတယ်။

တိုင်းရင်းသား ဘာသာစကားများနဲ့ ရေးသားထုတ်ဝေတဲ့ မီဒီယာတွေ ပိုမိုးတက်များပြားလာဖို့ အစိုးရက တိုးမြှင့်ဆောင်ရွက်ပေးဖို့လည်း ချင်းမီဒီယာသမားတွေကတိုက်တွန်းထားပါတယ်။

chin1အထူးသဖြင့် ချင်းပြည်နယ်မှာ ဆောင်ရွက်နေတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အစိုးရဘက်က ပွင့်လင်းမြင်သာ ထုတ်ပြန်မှု အားနည်းနေ သလို အောက်ခြေ၀န်ထမ်းတွေကလည်း သတင်းထောက်တွေရဲ့ မေးမြန်း ချက်အပေါ် ဖြေကြားပေးမှု အားနည်းနေကြောင်း ချင်းမီဒီယာကွန်ရက်အဖွဲ့ပြောခွင့်ရ ဆလိုင်း ဟုန်ထွန်းဂေက ဒီဗွီဘီကို ပြောပါတယ်။

“သတင်းမီဒီယာ လွတ်လပ်ခွင့်လို့ဆိုရာမှာ အစိုးရဘက်က ကျနော်တို့နဲ့ ပူးပေါင်းမှု အရမ်းအားနည်းတယ်။ ကျနော်တို့မီဒီယာတွေအနေနဲ့ သူတို့လုပ်ဆောင်ချက်တွေ လိုက်မေးတဲ့အခါမှာ တော်တော်လေးကို အဆင်မပြေတာ၊ ၀န်ကြီးအဆင့်လောက်ဆို နည်းနည်း အဆင်ပြေပေမယ့် အောက်ခြေဌာနဆိုင်ရာတွေက မဖြေပေးကြဘူး။”

မတူကွဲပြားတဲ့ ချင်းမျိုးနွယ်စုဘာသာစကား၊ ဒေသစကားတွေနဲ့ ရေးသားဖော်ပြရာမှာ ရန်ကုန်ထိ သွားရောက်မှတ်ပုံတင်ရတာ အခက်အခဲရှိတဲ့အတွက် ပြည်နယ်အဆင့်မှာ ခွင့်ပြုပေးစေလိုတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စာနယ်ဇင်းကျင့်ဝတ်နဲ့ မီဒီယာဥပဒေတွေ ရေးဆွဲပြဋ္ဌာန်းတဲ့အခါ တိုင်းရင်းသားမီဒီယာ အခွင့်အရေးတွေပါ အသိအမှတ်ပြုဖို့၊ ချင်းပြည်နယ်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သယံဇာတထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး ပြည်သူတွေကို သတင်းအချက်အလက် အမှန်ဖြန့်ဝေပေးဖို့၊ တိုင်းရင်းသားတန်းတူရေး နဲ့ လွတ်လပ်စွာရေးသား ထုတ်ဖော်ခွင့်ရရှိဖို့လည်း ဒီညီလာခံမှာ ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ ချင်းမီဒီယာလုပ်ငန်းတွေ ရှေ့ဆက်ပိုပြီးတိုးတက်ကောင်းမွန်လာဖို့၊ သတင်းအချက်အလက် အရည်အသွေးနဲ့ သတင်းဖလှယ်မှု ပိုတိုးတက်အောင်ဆောင်ရွက်ဖို့ ချင်းဂျာနယ်လစ်ကွန်ရက်ကနေ ချင်းမီဒီယာကွန်ရက်အဖွဲ့အစည်းအဖြစ် တိုးမြှင့်ဖွဲ့စည်းခဲ့ပါတယ်။

ချင်းဂျာနယ်လစ်တွေ့ဆုံစည်းဝေးပွဲကို ၂၀၁၁ ခုနှစ်က ထန်တလန်မြို့ နဲ့ မနှစ်က ဖလမ်းမှာ ကျင်းပခဲ့ပြီး ဒီတခေါက်ကတော့ တတိယအကြိမ်ဆွေးနွေးပွဲဖြစ်ပါတယ်။

ဒီ ဆွေးနွေးပွဲမှာ ပြည်တွင်းပြည်ပက ချင်းမီဒီယာတွေ၊ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ စုစုပေါင်း ၇၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013