DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ် ဖရူဆိုမြို့နယ် တောင်သူများ ထွန်တုံးတိုက်ပွဲဝင်
DVB
·
May 27, 2014
ကယားပြည်နယ် ဖရူဆိုမြို့နယ် တောင်သူများ ထွန်တုံးတိုက်ပွဲဝင်
1 / 2
Donate to DVB

ကယားပြည်နယ်  ဖရူဆိုမြို့နယ်ထဲမှာ  အစိုးရတပ်က မြေသိမ်းခံထားရတဲ့ တောင်သူ ၂၀၀ ကျော် လယ်ယာမြေတွေပြန်ရရေး ထွန်တုံးတိုက်ပွဲဝင်ခဲ့ကြပါတယ်။

[caption id="attachment_57324" align="alignright" width="300"]ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေစဉ် (ဓာတ်ပုံ -  နော်ခိုင်အေးချို) ထွန်တုံးတိုက်ပွဲ ဆင်နွှဲနေစဉ် (ဓာတ်ပုံ - နော်ခိုင်အေးချို)[/caption]

ကယားပြည်နယ် ဖရူဆိုမြို့နယ် မြောက်ဘက် ဆိုလျားကူးကျေးရွာက ရွာသား ၂၀၀ ကျော်ဟာ အသိမ်းခံရတဲ့မြေတွေပေါ်မှာ ဒီကနေ့ မနက်က ၀င်ရောက်ခုတ်ထွင် ရှင်းလင်းခဲ့ကြတာပါ။

အဲဒီမြေတွေကို ခမရ ၅၃၁ အစိုးရတပ်က  လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းက  တပ်ပိုင်မြေအဖြစ် စည်းရိုးခတ် သိမ်းယူထားပြီး သူတို့မြေတွေပြန်ရဖို့  သက်ဆိုင်ရာကို တိုင်ကြားထားပေမယ့်လည်း  ဘာမှမထူးခြားတဲ့အတွက်  ခုလို ၀င်ရောက်လုပ်ကိုင်ရတာလို့  ဒေသခံရွာသားတဦးက ပြောပါတယ်။

ဒီကနေ့  လုပ်ဆောင်မှုအပေါ်မှာ စစ်တပ်က လာရောက်ဟန့်တားတာတွေ မရှိပေမယ့် ဖရူဆိုမြို့နယ်ရဲစခန်းက တပ်ဖွဲ့ဝင် ၁၀ ဦးလောက် လာရောက်စောင့်ကြည့်သွားတယ်လို့  ဆိုပါတယ်။

ဒီမတိုင်ခင် ရှေ့မှာတော့  မြေယာထဲ ၀င်ရောက်လုပ်ကိုင်တဲ့ ရွာသားတွေကို စစ်တပ်က လာရောက် ဟန့်တားခြိမ်းခြောက်တဲ့အတွက် ရွာသားတချို့က ထိတ်လန့်ပြီး ဆက်မလုပ်ရဲတော့ကြောင်း အခြားဒေသခံတဦးက ပြောပါတယ်။

ရွာသားတွေကတော့ စစ်တပ်က လာရောက်ဟန့်တားသည်ဖြစ်စေ၊ မဟန့်တားသည်ဖြစ်စေ ဒီကနေ့ ထွန်ရက်ပြီးတဲ့ မြေပေါ်မှာ မနက်ဖြန်လာပြီး ပျိုးကြဲကြမယ်လို့ ရွာသားက ဆက်ပြောပါတယ်။

ဆိုလျားကူးရွာမှာ စစ်အစိုးရလက်ထက်က အသိမ်းထားတဲ့မြေတွေ ၁၂၀၀ ဧကရှိပြီး ရွာသားပေါင်း ၁၀၉ ဦး ပိုင်ဆိုင်ကြောင်း၊ အဲဒီမြေတွေ ပြန်ရဖို့  ဖရူဆိုမဲဆန္ဒနယ်မြေက လွှတ်တော် ကိုယ်စားလှယ်တွေ၊ ပြည်နယ် မြေယာနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်ဆီရော၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) တို့ကို မနှစ်ကတည်းက တိုင်ကြားထားတာ ဘာမှ မထူးခြားဘူးလို့ ဆိုပါတယ်။

ကေအန်ပီပီ လွိုင်ကော်ဆက်ဆံရေးရုံးက တာဝန်ခံ  ခူပလူး ရယ်ကတော့ ဖရူဆိုမြို့နယ်အပါအ၀င် ကယားပြည်နယ်အခြားဒေသက အသိမ်းခံထားရတဲ့မြေတွေ ပြန်ရဖို့ ပြည်နယ်အစိုးရဆီ ပြောထားတာရှိကြောင်း၊ စစ်တပ်ကလည်း သိမ်းထားတဲ့မြေတွေ ပြန်စွန့်ပေးမယ်လို့ ပြောထားပေမယ့် အောက်ခြေမှာ လက်တွေ့လုပ်ဆောင်မှု နှောင့်နှေးကြောင်း ပြောပါတယ်။

မြန်မာတနိုင်ငံလုံးမှာ စစ်တပ်က သိမ်းထားတဲ့လယ်ဧကပေါင်း ၃ သိန်း လောက် ရှိတဲ့ထဲက ဧက ၁ သိန်းခွဲကျော်ကို ပြန်ပေးမယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ပြည်ထောင်စု လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။ အပြည့်အစုံ အသံဖိုင်နားဆင်ရန်
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013