DVB Logo
Home
မြန်မာသတင်း
တရုတ်ဝယ်လက်နည်းသဖြင့် မြန်မာ့ကျောက်စိမ်း ဈေးကွက်အေး
DVB
·
May 27, 2014
တရုတ်ဝယ်လက်နည်းသဖြင့် မြန်မာ့ကျောက်စိမ်း ဈေးကွက်အေး
1 / 2
Donate to DVB

ကျောက်ကုန်သည်တွေကို ချေးငွေ ထုတ်မချေးတော့တဲ့ တရုတ်နိုင်ငံရဲ့ မူဝါဒကြောင့် တရုတ်နိုင်ငံသားတွေ ကျောက်စိမ်းအ၀ယ်နည်းသွားလို့ မြန်မာ့ကျောက်စိမ်းဈေးကွက်မှာ အရောင်းဝယ် အေးနေပါတယ်။

jadeမန္တလေး ကျောက်ဝိုင်းမှာ မြန်မာနိုင်ငံသား ကုန်သည်တွေသာ အရောင်းအ၀ယ်ရှိပြီး ပုံမှန်ထက် အရောင်းဝယ်အေးတယ် လို့ ကျောက်စိမ်း၊ ကျောက်မျက် ပရဟိတ လူမူကူညီရေးအသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းက ပြောပါတယ်။

“တရုတ်ကုန်သည်တွေ ကို ချေးငွေချေးလေ့ရှိတဲ့ ချေးငွေကို ပိတ်လိုက်တာ။ အဲဒီချေးငွေနဲ့ မြန်မာနိုင်ငံမှာ ကျောက်တွေဝယ်တယ်။ ချေးငွေမရတော့ရင် လောလောဆယ်ရပ်နေမှာပဲ။ မြန်မာနိုင်ငံသားချင်း အရောင်းအ၀ယ်လုပ်တာဆိုတော့ လည်ပတ်နေတုန်းပဲ ရှိတယ်။ ဘယ်အချိန်မှာ အခက်ခဲဖြစ်မလဲဆို သွားရောင်းတဲ့သူတွေ ရေရှည်မှာ မရောင်းရဘူးဆိုမှ အရောင်းဝယ်ရပ်သွားမယ်။”

ကျောက်စိန်းကုန်သည် ဦးသန်းဝင်းကလည်း “မနှစ်ကထက်စာရင် အရောင်းဝယ်အေးတယ်။ အခုဆို နိုင်ငံခြားသား လာဝယ်တာနည်းတယ်။ ဗမာချင်းပဲ ရောင်းဝယ်ဖြတ်တောက်ပြီးတော့ အချောထည် ပြန်လုပ်ရောင်းတယ်” လို့ ပြောပါတယ်။

jade1ဒါ့အပြင်  ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကချင်ပြည်နယ်  ဖားကန့်နယ်မြေက ထွက်တဲ့ ကျောက်စိမ်းကျင်းတွေ ပိတ်ထားတဲ့အတွက်လည်း ကုန်ကြမ်းရရှိမှု နည်းသွားပြီး ရေ မဆေး ကျောက်နဲ့ ကျောက်ရိုင်းတွေသာ အရောင်းဝယ်ပြုလုပ်နေကြတယ်လို့ ဦးစိန်ဝင်းက ပြောပါတယ်။

“ကုန်ကြမ်းရရှိမှုက နည်းနည်းလမ်းကြောင်းကျပ်တယ်။  ဘာလို့လဲဆိုတော့ ကျင်းတွေ ပိတ်ထားခဲ့တာကြာပြီ။ အရင်က ဖားကန့်ကနေ လာတဲ့လမ်းကြောင်းရှိတယ်။  အခုလောလောဆယ်ကတော့ emporium (ကျောက်မျက်ပြပွဲ) ကနေရတဲ့ ပစ္စည်းပဲ အဓိက ဖြစ်နေမှာလေ။ ဟိုဘက်ကတော့ ကျင်းပိတ်ထားတဲ့အတွက် ရေမဆေးကရတဲ့ကျောက်ပဲ မန္တလေးကိုရောင်းမှာပေါ့။  ကျင်းတွေပိတ်ထားခဲ့တာ ကြာပြီ။ အဓိကက အပစ်အခတ်တွေကြောင့်ပဲ။ စစ်ဖြစ်နေလို့ ကျင်းတွေ ပိတ်သိမ်းထားတယ်။ လုပ်ပိုင်ခွင့်တွေလည်း ပိတ်ထားတယ်။ အဲဒီလမ်းကြောင်း ပွင့်လာရင် ကျောက်တွေပေါ်လာမယ်။ လုပ်ငန်းပြန်လည်ပတ်နိုင်မယ်။ အခုက ရှိတဲ့ကျောက်နဲ့ လုပ်နေကြတယ်။”

မြန်မာ့ကျောက်စိမ်းကို တရုတ်ဝယ်လက် တခုတည်း အားကိုးနေတာထက်စာရင် ထိုင်း၊ မက္ကာအို၊ ပီနန်လိုင်း၊ ဥရောပနိုင်ငံနဲ့ နိုင်ငံတကာကို ဖြန့်ကြက်ပြီး ရောင်းဝယ်လာနိုင်အောင်ကာ လရှည်ကြာ ကောင်းမွန်တဲ့ ဈေးကွက်တခု ဖြစ်လာနိုင်ဖို့ ကျောက်ကုန်သည်တွေက မျှော်လင့်နေ ကြပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013