DVB Logo
Home
မြန်မာသတင်း
စားသောက်ဆိုင်၌ သေနတ်ပစ်ဖောက်သည့် ရာမညသတင်းအေဂျင်စီ တာဝန်ခံအယ်ဒီတာ ဖမ်းဆီးခံရ
DVB
·
January 10, 2023
စားသောက်ဆိုင်၌ သေနတ်ပစ်ဖောက်သည့် ရာမညသတင်းအေဂျင်စီ တာဝန်ခံအယ်ဒီတာ ဖမ်းဆီးခံရ
Donate to DVB

ရာမညသတင်းအေဂျင်စီရဲ့ တာဝန်ခံအယ်ဒီတာလည်းဖြစ်တဲ့ သတင်းထောက်လို့လူသိများတဲ့ ကျိုက်မရောမြို့နေ ကိုလင်းထွန်းကို မွန်ပြည်နယ် ပေါင်မြို့စားသောက်ဆိုင်တဆိုင်မှာ ဇန်နဝါရီ ၉ ရက်က စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကျိုက်မရော ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့သူတဦးက “စားသောက်ဆိုင်တဆိုင်မှာ အရက်မူးဆေးကွဲပြီး သေနတ်ထဖောက်လို့ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးတစ်ဦးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးတာ”လို့ပြောပါတယ်။

ကိုလင်းထွန်းကို သေနတ်နဲ့အတူ ကျည်ဆန်တွေ၊ ဆေးခြောက် ၂၀ ဂရမ်နဲ့ လိုင်စင်မဲ့ကားတစ်စီးကိုလည်း ဖမ်းဆီးရမိခဲ့လို့ ပေါင်မြို့မစခန်းမှာ အမှုဖွင့်စစ်ဆေးနေတယ်လို့ လည်း ပြောပါတယ်။

သတင်းထောက်ကိုလင်းထွန်ဟာ သတင်းအလုပ်အပြင် BGF နယ်ခြားစောင့် အမှတ် ၁၀၂၁ တပ်ရင်းမှူး စောဘီလူးရဲ့ စီးပွားရေးတာဝန်ခံလည်းဖြစ်ပါတယ်။

စစ်ကောင်စီလက်ထက်  အရင်ကလည်း မော်လမြိုင်မှာ သေနတ်တစ်ကြိမ်ပစ်ဖောက်ဖူးလို့ သတိပေးထားခံရပြီး ကျိုက်မရောအုပ်ချုပ်ရေးမှူးနဲ့ ကျိုက်မရောမြို့နယ်ရဲမှူးရဲ့ လူယုံတော်တစ်ဦးလည်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံသတင်းသမားတဦးက “သတင်းသမားဟာ သတင်းအလုပ်ပဲ လုပ်တာပဲကောင်းပါတယ်။ အခုလက်နက်တွေနဲ့ ဆက်နွှယ်နေတာ။ ပြည်သူတွေဘက် အမှန်သတင်းတွေရပ်တည်ဖို့ အားနည်းသွားမယ်။ လက်နက်ကိုင်တွေက အသုံးချခံသတင်းသမားတယောက် ငွေနောက်လိုက်သွားရင် အခုလက်ရှိ နိုင်ငံရေး ရှုပ်ထွေးနေတဲ့ကာလမှာ လွတ်လပ်တဲ့ မီဒီယာသမားဖြစ်ဖို့ လိုတယ်”လို့ ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ သတင်းတွေအမှောင်ချဖို့ကြိုးစားနေပြီး ပြည်သူတွေသတင်းအမှန် သိခွင့်မရအောင် နည်းလမ်းအမျိုးမျိုးနဲ့ မီဒီယာတွေကို ပိတ်သိမ်းတာနဲ့ သတင်းသမားတွေကို  ဖမ်းဆီးအရေးယူ ဖိနှိပ်တာတွေ လုပ်လာခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013