DVB Logo
Home
မြန်မာသတင်း
၂၀၂၂ ခုနှစ်အတွင်း နိုင်ငံတဝန်းမီးလောင်မှု ၁၅၀၇ ကြိမ်ဖြစ်၊ ၉၆ ဦးသေဆုံးပြီး ၁၃၉ ဦးဒဏ်ရာရရှိ
DVB
·
January 8, 2023
၂၀၂၂ ခုနှစ်အတွင်း နိုင်ငံတဝန်းမီးလောင်မှု ၁၅၀၇ ကြိမ်ဖြစ်၊ ၉၆ ဦးသေဆုံးပြီး ၁၃၉ ဦးဒဏ်ရာရရှိ
Donate to DVB

၂၀၂၂ ခုနှစ်အတွင်း နိုင်ငံတဝန်းမီးလောင်မှု့ ၁၅၀၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ၉၆ ဦးသေဆုံး၊ ၁၃၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၆၇၆၅၂၃၇၂၀၀ ရှိတယ်လို့ မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နေပြည်တော်အပါအဝင် ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးမှာ ၂၀၂၂ ခုနှစ် ဇန်နဝါ၇◌ီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ မီးလောင်ကျွမ်းမှု ၁၅၀၇ ကြိမ်ဖြစ်ခဲ့ပြီး နေအိမ်အဆောက်အဦ ၃၅၈၀ ဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတဦးက ဒီဗြီဘီကို ပြောပါတယ်။

"မီးလောင်မှုအများဆုံးက  ရန်ကုန် ၂၂၄ ကြိမ်ရှိတယ်၊ ပြီးရင်မန္တလေး ၁၉၄ ကြိမ်ရှိတယ်၊ အနည်းဆုံးက ကယားပြည်နယ်နဲ့ချင်းပြည်နယ်။ ပဋိပက္ခဖြစ်စဉ်ကြောင့် မီးလောင်တာတွေ ထည့်မတွက်ထားဘူး" လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ်အတွင်း မီးလောင်မှုတွေမှာ ရန်ကုန် ၂၂၄ ကြိမ်မန္တလေး ၁၉၄ ကြိမ်၊ စစ်ကိုင်း ၁၆၅ ကြိမ်၊ ပဲခူး ၁၆၅ ကြိမ်၊ ရှမ်းပြည်နယ် ၁၆၂ ကြိမ်၊ဧရာဝတီတိုင်း ၁၁၉ ကြိမ်၊မကွေးတိုင်း ၁၀၆ ကြိမ်၊ မွန်ပြည်နယ် ၉၀ ကြိမ်၊ ရခိုင် ၇၃ ကြိမ်၊ကချင်း ၆၀ ကြိမ်၊ ကရင် ၃၇ ကြိမ်၊ တနင်္သာရီတိုင်း ၃၆ ကြိမ်၊ နေပြည်တော် ၃၂ ကြိမ်၊ ချင်းပြည်နယ် ၁၈ ကြိမ်၊ ကယားပြည်နယ် ၆ ကြိမ်တို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

"ပြည်နယ်နဲ့တိုင်းမှာ သေဆုံးမှုအများဆုံးကတော့ ဧရာဝတီတိုင်းမှာ ၁၅ ဦးသေတယ်၊  ရှမ်းပြည်မှာ ၁၃ ဦးသေတယ်၊ ကချင်မှာ ၁၁ ဦး၊ အနည်းဆုံးက ရခိုင်ပဲ ၁ ဦးပဲသေတယ်" လို့မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

၂၀၂၁ ခုနှစ်အတွင်း နိုင်ငံတဝန်း မီးလောင်မှု ၂၁၀၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ကျပ် ၃၃ ဘီလျံကျော် ဆုံးရှုံးကာ ၁၀၅ ဦးသေဆုံးပြီး  ၁၅၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အလားတူပင် ၂၀၂၀ ကလည်း  နိုင်ငံတဝန်း မီးလောင်မှု ၂၁၃၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ၇၅ ဦး သေဆုံးပြီး ၂၂၀ ဒဏ်ရာရရှိကာ ကျပ် ခြောက်ဘီလီကျော် ဆုံးရှုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013