DVB Logo
Home
မြန်မာသတင်း
ယူနတီဂျာနယ် သတင်းထောက်များကို ဆက်လက်စစ်ဆေး
DVB
·
May 26, 2014
ယူနတီဂျာနယ် သတင်းထောက်များကို ဆက်လက်စစ်ဆေး
Donate to DVB

နိုင်ငံတော်လျှို့ဝှက်သတင်းဖော်ပြမှုနဲ့ ပတ်သက်ပြီး အမှုဖွင့် တရားစွဲဆိုခံရတဲ့  ယူနတီဂျာနယ် သတင်းထောက်တွေကို ဒီနေ့ ဆက်လက်စစ်ဆေးနေပါတယ်။

[caption id="attachment_53370" align="alignright" width="300"]ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ ရုံးထုတ်စဉ်က (ဓာတ်ပုံ -  Robert San Aung's) ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ ရုံးထုတ်စဉ်က (ဓာတ်ပုံ - Robert San Aung's)[/caption]

လျှို့ဝှက် ဓာတုလက်နက်စက်ရုံ ဆောင်းပါးရေး သားဖော်ပြခဲ့မှုနဲ့ ပတ်သက်ပြီး ယူနတီဂျာနယ် သတင်းထောက်တွေကို  သက်ဆိုင်ရာက  နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေပုဒ်မ ၃ (၁) (က)/ ၉ နဲ့   မကွေးတိုင်း ပခုက္ကူခရိုင်တရားရုံးမှာ  ဆက်လက်စစ်ဆေးနေပါတယ်။

ဒီနေ့မှာတော့  အမှုဆောင်အယ်ဒီတာ ဦးတင်ဆန်း က ဓာတုစက်ရုံထဲကိုဝင်ခြင်းမရှိသလို ဓာတုစက်ရုံသတင်းနဲ့ ပတ်သက်ပြောဆိုထားတဲ့  အချက်တွေနဲ့ပတ်သက်ပြီး ဥပဒေအရာရှိနဲ့ အပြန်အလှန်မေးမြန်းခဲ့ကြတယ်လို့ တရားရုံးမှာရောက်နေတဲ့ တရားစွဲခံရသူတွေရဲ့  ရှေ့နေ ဦးဝါ၀င်းမောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလက ယူနီဂျာနယ်ပါ  “ဗိုလ်ချုပ်မှူးကြီးဟောင်း၊  တရုတ်ပညာရှင်နှင့် လက်ရှိ ကာ/ ချုပ်တို့၏  ပေါက်မြို့နယ်မှ လျှို့ဝှက်ဓာတု လက်နက်စက်ရုံ”  ဆိုတဲ့ ဆောင်းပါးနဲ့ စပ်လျဉ်းပြီး ဂျာနယ်အယ်ဒီတာနဲ့ သတင်းထောက် ၄ ဦးတို့ကို ဖမ်းဆီးတရားစွဲဆိုထားတာပါ။

သတင်းထောက်တွေဘက်ကတော့   ဒီဆောင်းပါးကို သူတို့တွေ ရေးသားထားခြင်းမရှိသလို အယ်ဒီတာက တည်းဖြတ်တာ ဖြစ်ပြီး အယ်ဒီတာနဲ့သာ သက်ဆိုင်ကြောင်း ပြောဆိုကြတယ်လို့ ဦးဝါ၀င်းမောင်က ပြောပါတယ်။

ယူနတီသတင်းထောက် ကိုရာဇာရဲ့အမျိုးသမီး မသိဂီထွန်းကလည်း  အယ်ဒီတာ  ဦးတင်ဆန်းက သူ့အမျိုးသားကို ခေါ်သွားတာဖြစ်ပြီး အယ်ဒီတာမှာသာ တာဝန်ရှိတယ်လို့ ပြောပါတယ်။

တရားခံစစ်ဆေးခြင်း တရားခံပြသက်သေစစ်ဆေးပြီးတဲ့ အခါ လျှောက်လွဲချက်တင်တဲ့ အပိုင်းတွေပြီးရင်တော့ အမိန့်ချမယ်ဆိုရင် ဒီအမှုဟာ နောက်တလတွင်း ပြီးပြတ်ဖွယ်ရှိတယ်လို့ ပြောပါတယ်။

နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု ၃ (၁) (က) ၉ နဲ့သာ အပြစ်ရှိကြောင်း  စီရင်ချက်ချမှတ်ခံရသူဟာ အမြင့်ဆုံး  ၁၄ နှစ်ထိ ထောင်ဒဏ်ချမှတ်ခံရနိုင်တယ်လို့  ဥပဒေမှာ ပါရှိပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013