DVB Logo
Home
မြန်မာသတင်း
၂၀၁၅ ရွေးကောက်ပွဲဝင်ရေး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ပြင်ဆင်
DVB
·
May 26, 2014
၂၀၁၅ ရွေးကောက်ပွဲဝင်ရေး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ပြင်ဆင်
Donate to DVB

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဟာ   ပါတီပိုပြီးကျစ်လစ်ခိုင်မာအောင်နဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့   ခေါင်းဆောင်သစ်တွေနဲ့ ပါတီကို ရွေးချယ်ပြင်ဆင်ဖွဲ့စည်း လိုက်တယ်။

[caption id="attachment_57230" align="alignright" width="300"]ဒေါက်တာ မင်းနွယ်စိုး (ဓာတ်ပုံ - ဒီဗွီဘီ) ဒေါက်တာ မင်းနွယ်စိုး (ဓာတ်ပုံ - ဒီဗွီဘီ)[/caption]

ပြီးခဲ့တဲ့ မေလ ၂၄ ရက်ကနေ ၂၅ ရက်နေ့အထိ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကျင်းပတဲ့ ပါတီနှစ်ပတ်လည်အစည်းအဝေးမှာ ၂၀၁၅ ရွေးကောက်ပွဲဝင်ရေးနဲ့  ပါတီခိုင်မာအောင် တည်ဆောက်ရေး ဦးတည်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ လစ်လပ်နေတဲ့ ပါတီ ဥက္ကဋ္ဌနေရာမှာ  အရင်ဒုဥက္ကဋ္ဌ နိုင်သိုက်ကို  ရွေး ချယ်တင်မြှောက်ပြီး အခြားဗဟိုအလုပ်အမှုဆောင် ၃ ဦး ထပ်မံရွေးချယ်ကာ ကရင်ပြည်နယ် နဲ့ တနင်္သာရီတိုင်းတွေမှာ ပါတီရုံးခွဲတွေ ထပ်မံဖွင့်လှစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုးက “အဓိကကတော့ ၂၀၁၅ ရွေးကောက်ပွဲကို ကျနော်တို့ ၀င်မယ်။ ဗဟိုအဆင့်၊ မြို့နယ်အဆင့်၊ ရပ်ကျေးအဆင့် အားလုံးကို ကျနော်တို့ပြင်မယ်။ ပါတီစည်းရုံးရေးက ပါတီကို တိုးချဲ့စည်းရုံးရမှာပေါ့။ မဲဆွယ်စည်းရုံးရေးအတွက် ဘယ်လိုလုပ်မလဲဆိုတာက တခု၊ ပါတီဝင်တွေရဲ့ အရည်အသွေး တိုးတက်အောင်လုပ်မယ်။ နောက်တခုက ပြည်သူလူထု အသိပညာပေးရေးပေါ့ ဒါတွေကိုလုပ်မယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ တနှစ်တာ လုပ်ငန်းဆောင်ရွက်ချက်တွေလည်း ပြန်လည်သုံးသပ်ခဲ့ပြီး အထူးသဖြင့်  ပြည်သူတွေအသိမ်းခံခဲ့ရတဲ့ မြေဧကပေါင်း ၃ ထောင်ကျော် ပြန်လည်ရ ရှိအောင် လုပ်ဆောင်နိုင်ခဲ့သလို မွန်အမျိုးသားနေ့ကိုလည်း တရားဝင်ကျင်းပခွင့်ရခဲ့ကြောင်း၊ အစိုးရ စာသင်ကျောင်းတွေမှာ မွန်စာပေသင်ကြားခွင့်ရရေး ဆောင်ရွက်ခဲ့ကြောင်း၊ ရှေ့ဆက်လည်း မွန်ပြည်သူအကျိုးစီးပွားအတွက် မွန်ပါတီအပြင် အခြားပါတီတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်သွားဖို့ ဆွေးနွေးခဲ့တယ်လို့ ဒေါက်တာ မင်းနွယ်စိုးက ပြောပါတယ်။

မွန်ပြည်နယ်ထဲမှာ  မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနဲ့ မွန်အမျိုးသားဒီမိုကရေစီပါတီဆိုပြီး မွန်တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ အဓိက ပါတီကြီး နှစ်ခုရှိတာပါ။

မွန်ပါတီ ၂ ခုပူးပေါင်းဖို့ မွန်သံဃာတော်တွေနဲ့ ပြည်သူတွေ တောင်းဆိုမှုရှိခဲ့ပြီး မွန်ပါတီပူးပေါင်းရေးကော်မတီကလည်း ညှိနှိုင်းဆောင်ရွက်ခဲ့ပေမယ့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဘက်က  ဥက္ကဋ္ဌ နိုင်ငွေသိန်းနဲ့  ဗဟိုကော်မတီဝင်တချို့သာ  ပူးပေါင်းပါဝင်ခဲ့ပါတယ်။

 မွန် ၂ ပါတီပူးပေါင်းရေးကိစ္စမှာ  လုပ်ငန်းစဉ်ချင်း မတူညီတဲ့အတွက်  တစ်ပါတီတည်း အဖြစ် ပူးပေါင်းဖို့ အခက်အခဲဖြစ်ပေမယ့်လည်း မွန်ပြည်သူတို့ အခွင့်အရေးအတွက် အတူပူးပေါင်းဆောင်ဆောင်ရွက်နိုင်တယ်လို့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဗဟိုကော်မတီဝင် ဒေါက်တာ ဗညားအောင်မိုးက ပြောပါတယ်။

“လုပ်ငန်းတူတဲ့ကိစ္စတွေ လက်တွဲဆောင်ရွက်ဖို့ ချထားပါတယ်။ မတူတာကို တင်ပြဆွေးနွေးညှိနှိုင်းဖို့ပေါ့။ ဒီမိုကရေစီစနစ်မှာ ပါတီစုံရှိဖို့လိုတယ်လေ။ မွန်၂ ပါတီဖြစ်လည်း ဒီမိုကရေစီစနစ်အရ ကောင်းတာပေါ့။ ယှဉ်ပြိုင်မှုရှိတဲ့သဘောပေါ့။  တပါတီတည်းရှိရင် အာဏာရှင်ဖြစ်နေရှင် ကျနော်တို့ မွန်အမျိုးသားတွေ နစ်နာမယ်။”

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဟာ  ၂၀၁၀  ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး  လွှတ်တော် ၃ ရပ်စလုံးမှာ  အမတ်နေရာ ၁၆ နေရာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013