DVB Logo
Home
Lead Story
ဖွဲ့စည်းပုံပြင်ရေးအပေါ် စစ်တပ်ဗီတိုအာဏာသုံးမည်ကို ကုလကိုယ်စားလှယ် စိုးရိမ်
DVB
·
May 26, 2014
ဖွဲ့စည်းပုံပြင်ရေးအပေါ် စစ်တပ်ဗီတိုအာဏာသုံးမည်ကို ကုလကိုယ်စားလှယ် စိုးရိမ်
Donate to DVB

ကုလသမဂ္ဂရဲ့   မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်  သောမတ်စ်အိုဟေး ကင်တားနားက အခြေခံဥပဒေ ပြင်ဆင်ရေးအပေါ် စစ်တပ်ရဲ့ ဗီတိုအာဏာ သုံးနိုင်တဲ့ အခြေအနေကို စိုးရိမ်ပူပန်မိတယ်လို့ ပြောဆိုလိုက်ပါတယ်။

[caption id="attachment_57203" align="alignright" width="300"]မစ္စတာ ကင်တားနား (ဓာတ်ပုံ - ဒီဗွီဘီ) မစ္စတာ ကင်တားနား (ဓာတ်ပုံ - ဒီဗွီဘီ)[/caption]

ပိုပြီး ဒီမိုကရေစီကျတဲ့ နိုင်ငံအဖြစ် ပြောင်းလဲ ဖို့ဆိုရင် အခြေခံဥပဒေ ပြင်ဆင်ရေးဟာ အရေးပါတဲ့ ခြေလှမ်းတရပ် ဖြစ်သလို လာမယ့် ၂၀၁၅ ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီ အပြောင်းအလဲအတွက် အခြေခံဥပဒေ ပြောင်းလဲရေးဟာ အရေးပါတယ်လို့ သူက ပြီးခဲ့တဲ့ မေ၂၄ ရက်နေ့က ကြေညာချက် ထုတ်ပြန် ပြောပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် စစ်တပ်က အာဏာနဲ့ ပိတ်ဆို့တာဟာ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကောင်းတဲ့ နိမိတ်လက္ခဏာမဟုတ်သလို စစ်တပ်ကို အရပ်သားတွေက  ကြီးကြပ်ရမယ်လို့ ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်က လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်း ရယူထားပြီး အခြေခံဥပဒေ ပြောင်းလဲရေးကို ဗီတိုအာဏာသုံး ပယ်ချလို့ ရနေပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တာဝန် ရယူထားတဲ့ ကင်တားနားရဲ့ တာဝန်ဟာ ဒီလကုန် ပြီးဆုံးမှာ ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013