DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံ ၄၃၆ ပြင်ဆင်ရေး ဧရာဝတီတိုင်း လူထုဟောပြောပွဲ ပြုလုပ်
DVB
·
May 25, 2014
ဖွဲ့စည်းပုံ ၄၃၆ ပြင်ဆင်ရေး ဧရာဝတီတိုင်း လူထုဟောပြောပွဲ ပြုလုပ်
Donate to DVB

၂၀၀၈ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အန်အယ်ဒီနဲ့ ၈၈ တို့ရဲ့ ဧရာဝတီတိုင်းအတွင်း ပထမဆုံးအကြိမ် လူထုဟောပြောပွဲကို မေလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက ဟင်္သာတမြို့မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

kkk at himthada25052014ဟင်္သာမြို့ ဟုန်စံစီခန်းမမှာ ပြုလုပ်ခဲ့တဲ့ လူထုဟောပြောပွဲကို မြို့ခံလူထု ရာနဲ့ချီ တက်ရောက်ခဲ့ ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နာယက ဦးတင်ဦးနဲ့ ဒေါက်တာမျိုးညွန့်၊ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ ၄ ဦးက လူထုကို ဟောပြောခဲ့ကြတာ ဖြစ်ပါတယ်။

ဧရာဝတီ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဟောပြောပွဲမှာ ၈၈ မျိုးဆက် ကိုကိုကြီးက ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ တပ်မတော်ပါဖို့ အခုလို တိုက်တွန်း ပြောကြားသွားပါတယ်။

“ဒီနေ့ မျိုးဆက်အရ တဖြေးဖြေးနဲ့ လူလတ်ပိုင်းနဲ့ လူကြီးဖြစ်လာတယ်။ လူကြီးပိုင်းတွေ ပင်စင်ယူသွားပြီ။ အဲဒီလို မျိုးဆက်အလိုက် ပြောင်းနေတဲ့အချိန်မှာ ကျနော်တို့ ၈၈ နဲ့ သက်တူ ရွယ်တူ ပုဂ္ဂိုလ်များ တပ်မတော်ထဲမှာလည်း အဆင့်မြင့် ရာထူးအသီးသီးမှာ ရောက်နေပါပြီ။ ရဲဘော် အကြပ်တပ်သားများ နေရာယူထားတာလည်း ရှိနေပါပြီ။ အဲဒီ ပုဂ္ဂိုလ်တွေအနေနဲ့လည်း နိုင်ငံတော် ပြုပြင်ပြောင်းလဲဖို့ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ဖို့ တဖက်ကလည်းပဲ တပ်မတော်က ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်ဖို့ ပြည်သူနဲ့ တခြားစီဖြစ်အောင် သွေးခွဲထားတဲ့ ၄၃၆ ကို ပြင်ဆင်ရေးသည် တပ်မတော်ရဲ့ ဂုဏ်သိက္ခာလည်း ဖြစ်တယ်ဆိုတာကို အလေးအနက် တိုက်တွန်းချင်ပါတယ်။”

ဖွဲ့စည်းပုံပုဒ်မ ၄၃၆ ပြင်ဆင်ရေး အဖွဲ့ချုပ်နဲ့ ၈၈ တို့ ပူးပေါင်းပြုလုပ်တဲ့ လူထုဟောပြောပွဲတွေကို မေလ ၁၇ ရက်ကစပြီး ရန်ကုန်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် မေလ ၁၈မှာ မန္တလေး၊ အခု ဧရာဝတီတိုင်း၊ ဟင်္သာတတို့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အလားတူ လူထု ဟောပြောပွဲတွေကို တနိုင်ငံလုံးအနှံ့ ဆက်လက်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013