DVB Logo
Home
မြန်မာသတင်း
မြန်မာ့လူငယ်ရုပ်ရှင်ပွဲတော် ပထမဆုံး ပြုလုပ်မည်
DVB
·
May 25, 2014
မြန်မာ့လူငယ်ရုပ်ရှင်ပွဲတော် ပထမဆုံး ပြုလုပ်မည်
Donate to DVB

မြန်မာ့လူငယ်ရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပ ပြုလုပ်မှာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် သြဂုတ်လ ၁၂ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာလူငယ်များနေ့ အထိမ်းအမှတ် အနေနဲ့ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

Youth Film Festival2014ဒီရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံလူငယ်များအစည်းအရုံးက ဦးဆောင်ကျင်းပပြုလုပ်မှာဖြစ်ပြီး လူငယ်တွေ အနုပညာဖန်တီးမှု စွမ်းရည်မြင့်တက်လာဖို့ ရည်ရွယ်ပြုလုပ်တာလို့ အစည်းအရုံး ဥက္ကဋ္ဌ ကိုဇွဲရန်နိုင်က အခုလို ပြောပါတယ်။

“အဓိက လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ အခုချိန်မှာ လူငယ်တွေနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ များများလုပ်ရတဲ့ အခါမှာ နိုင်ငံတကာလူငယ်များနေ့နဲ့ပတ်သက်ပြီးတော့လည်း လူတွေပိုသိအောင် လူငယ်တွေ ပိုသိအောင် နောက် လူငယ်တွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေ စိန်ခေါ်မှု တွေကိုလည်း ရုပ်ရှင်ဆိုတဲ့ အနုပညာနဲ့ ပြသမှုရအောင်ရယ် နောက် အနုပညာ ဖန်တီးတဲ့ လူငယ်တွေရဲ့ ဖန်တီးမှု စွမ်းရည် မြင့်မားလာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာဗျ။”

မြန်မာ့လူငယ်ရုပ်ရှင်ပွဲတော်မှာ ၀င်ရောက်ယှဉ်ပြိုင်နိုင်တဲ့ ဇာတ်ကားအမျိုးအစားတွေက မှတ်တမ်း၊ ဇာတ်လမ်းတိုနဲ့ အယ်နီမေးရှင်းတို့ဖြစ်ပါတယ်။

ပထမဆုံးအကြိမ် စတင်ကျင်းပပြုလုပ်မယ့် မြန်မာ့လူငယ်ရုပ်ရှင်ပွဲတော်နဲ့ ပတ်သက်ပြီး ဘယ်လောက် မျှော်လင့်ထားသလဲလို့ စီစဉ်သူ ကိုဇွဲရန်နိုင်ကို မေးကြည့်တော့ သူက အခုလို ပြောပါတယ်။
“ဘယ်လောက် မျှော်လင့်သလားလဲဆိုတော့ ကျနော်တို့က ရုပ်ရှင်ပွဲတော်ကို ဒိုင်အဖွဲ့တွေ ကျင်းပရေး ကော်မတီတွေ အနုပညာရှင်တွေနဲ့ စုပေါင်းပြီး လုပ်တာပါ။ အခုက ပထမဦးဆုံး အကြိမ်လည်းဖြစ်တယ်။ အနုပညာနဲ့ ပတ်သက်ပြီး အတွေ့အကြုံမရှိတဲ့ လူငယ်တွေဖြစ်တဲ့အတွက် ကိုယ်တိုင်လည်း အတွေ့အကြုံ မရှိတဲ့ လူငယ်တွေဖြစ်ပါတယ်။ ဒါပေမယ့် အတွေ့အကြုံ ရှိတဲ့ လူငယ်တွေရဲ့ ၀င်ရောက်ယှဉ်ပြိုင်မှုကို လုပ်ပေးရမှာဆိုတော့ စိတ်လှုပ်ရှား ရင်ခုန်မိတာပေါ့။ ကျနော်တို့ကတော့ အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ ရည်ရွယ်ချက်ချပြီး ဖြစ်တဲ့အတွက် ကျနော်တို့ မျှော်မှန်းချက်ကတော့ လူငယ်ရုပ်ရှင်ပွဲတော်ဟာ မြန်မာနိုင်ငံရဲ့ လူငယ်သမိုင်းကြောင်းမှာ အမှတ်တရနဲ့ အထင်ကရ ဖြစ်သွားအောင် လုပ်နိုင်လိမ့်မယ်လို့ ကျနော်တို့ ထင်ပါတယ်။”

ဇာတ်ကားဖန်တီးသူတွေဟာ အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိသူ ကျား-မ မရွေး ၀င်ရောက်ယှဉ်ပြိုင်နိုင်ပြီး လူငယ်အစည်းအရုံးထံ ဇူလိုင်လ ၂၁ရက် နောက်ဆုံးထား ပေးပို့ရမှာဖြစ်ပါတယ်။

ပြိုင်ပွဲဝင် ဇာတ်ကားတွေကို ရန်ကုန်မှာ သြဂုတ် ၇ ရက်နဲ့ ၈ ရက်တို့မှာ အများပြည်သူကို အခမဲ့ ပြသမှာဖြစ်ပြီး ဆုပေးပွဲကိုတော့ သြဂုတ် ၁၂ ရက် နိုင်ငံတကာလူငယ်များနေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပထမဆုံး စတင်ကျင်းပခဲ့တဲ့ လွတ်လပ်ခြင်းရုပ်ရှင်ပွဲတော်ကို အများပြည်သူ စိတ်ဝင်တစားရှိခဲ့ကြတာတွေ့ခဲ့ရပြီး နောက်ပိုင်းပြုလုပ်တဲ့ ရုပ်ရှင်ပွဲတော်တွေ ကတော့ လူစိတ်ဝင်စားမှု သိပ်မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013