DVB Logo
Home
မြန်မာသတင်း
လွယ်ဂျယ်တွင် တရုတ်အရက်ချက်ဆေးဖြင့်လုပ်ထားသည့်အရက် သောက်မိသူ ၁၀ ဦးခန့် သေဆုံး
DVB
·
January 4, 2023
လွယ်ဂျယ်တွင် တရုတ်အရက်ချက်ဆေးဖြင့်လုပ်ထားသည့်အရက် သောက်မိသူ ၁၀ ဦးခန့် သေဆုံး
Donate to DVB

ကချင်ပြည်နယ်၊ တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ အောင်ချမ်းသာရပ်ကွက်ရှိ အရက်ဆိုင်တဆိုင်မှာ ဇန်နဝါရီ ၂ ရက်က တရုတ်နိုင်ငံထုတ် အရက်ချက်ဆေးနဲ့ ပြုလုပ်ထားတဲ့ အရက်တွေကို သောက်သုံးမိသူ ၁၀ ဦးလောက် သေဆုံးခဲ့ပြီး ၂ ဦး ဆေးကုသမှု ခံယူနေရ​တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွယ်ဂျယ်ဒေသခံတဦးက “သေတာသွားက ၁၀ ယောက်၊ ၂ ယောက်ကတော့ ဆေးရုံမှာ ကုသမှုခံယူနေတုန်း။ အခြေအနေကောင်းလာပြီလို့တော့ သိရတယ်။ အခုက အရက်ချက်ကြတဲ့ စီးပွားဖြစ်လုပ်ကိုင်သူတချို့က အရင်ကလို ရိုးရာအရက်တွေကို အချိန်ပေး မချက်ချင်ကြတော့ဘူး။ ပိုက်ဆံရလွယ်တဲ့ တရုတ်ကဝင်တဲ့ အရက်ချက်ဆေးတွေသုံးပြီး အလွယ်လုပ်ကြတော့ အရက်က ကျန်းမာရေးအတွက် မဟုတ်တော့ဘဲ အန္တရာယ်ရှိတဲ့အရာ ဖြစ်လာတော့တာပဲ” လို့ ပြောပါတယ်။

တရုတ်ပြည်ကနေ ဝင်ရောက်လာတဲ့ အရက်ချက်ဆေး မြန်မာအခေါ် အရက်ခြောက်ဆေးဟာ ရေထဲကို ထည့်လိုက်တာနဲ့ ၂၄ နာရီလောက်သာခံတဲ့ အရက်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ၂၄ နာရီကျော်ပါက အရသာတမျိုး ပြောင်းသွားတယ်လို့ ဆိုပါတယ်။

အဲဒီအရက်ကို ၆ လလောက် စွဲပြီး အလွန်အကျွံသောက်မိပါက အသက်သေဆုံးနိုင်ပြီး ပုံမှန်ရိုးရာအရက်ထဲကို ရောထည့် အသုံးပြုရင်တော့ သုံးလေးလလောက်ခံတယ်လို့ သိရပါတယ်။

အရက်ခြောက်ဆေး အသုံးပြုထားတဲ့အရက်ကို သောက်မိသူတွေဟာ ရုတ်တရက် မျက်စိအမြင်မှုန်ဝါး၊ အသက်ရှူမဝ ဖြစ်လာတတ်တယ်လို့ အရက်ချက်သူတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013