DVB Logo
Home
မြန်မာသတင်း
ဗကသ ကျောင်းသားအင်အား ၅၀ ကျော် တောင်ငူမှာ ဆန္ဒပြ
DVB
·
May 25, 2014
ဗကသ ကျောင်းသားအင်အား ၅၀ ကျော် တောင်ငူမှာ ဆန္ဒပြ
Donate to DVB

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ တောင်ငူခရိုင်က ဦးဆောင်တဲ့ ဆန္ဒပြပွဲတရပ်ကို မေလ ၂၅ ရက်က တောင်ငူမြို့မှာ ပြုလုပ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့ သဲကုန်းမြို့ ဆန္ဒပြပွဲတရပ်အတွင်း တောင်ငူခရိုင် ဗကသ ကျောင်းသား ကိုကောင်းထက်ကျော်ကို ရဲတပ်ဖွဲ့က အင်အားသုံး ရိုက်နှက်ခဲ့တဲ့အပေါ် မကျေနပ်လို့ ဆန္ဒပြခဲ့ကြ တာဖြစ်တယ်လို့ ဗကသ ဗဟိုကော်မတီအတွင်းရေးမှူး ကိုမင်းသွေးသစ်က ပြောပါတယ်။

[caption id="attachment_57178" align="alignright" width="300"]ဓာတ်ပုံ- ABFSU Taungu ဓာတ်ပုံ- ABFSU Taungu[/caption]ဒီနေ့ တောင်ငူမြို့မှာ သူတို့ ဆန္ဒပြခဲ့ကြပုံကိုလည်း သူက ခုလို ပြောပါတယ်။
“၈၈ တုန်း ကျောင်းသား ကိုဇော်ဝင်းထွန်း သေနတ်နဲ့ ပစ်ခံရပြီး သေသွားတဲ့ တောင်ငူရွှေဆံတော် အရှေ့ဘက်မုဒ်က စပြီး ကိုဇော်ဝင်းထွန်းအပါအ၀င် ဒီမိုကရေစီရေးမှာ ကျဆုံးသွားတဲ့ ရဟန်းပြည်သူကျောင်းသားတွေကို အလေးပြုတယ်။ ပြီးတော့ တောင်ငူရွှေဆံတော် အရှေ့ဘက်မုဒ်ကစပြီးထွက်ပြီး ပြီးတော့ အရှေ့ဘက်မုဒ်ကို ပြန်လာပြီး လေးအပြုပြီး သွေးသစ္စာဆိုပြီး အခမ်းအနားပြီးသွားတယ်။”

တောင်ငူ၊ မန္တလေး၊ မုံရွာ၊ မြင်းခြံ၊ ရန်ကုန်တောင်ပိုင်းနဲ့ မအူပင်ခရိုင်တို့က ဗကသ အဖွဲ့ဝင် အင်အား ၅၀ ကျော်နဲ့ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ခွင့်ပြုချက်မယူဘဲ ပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဗကသ အဖွဲ့ဟာ မေလ ၁၄ ရက်နေ့ ကိုကောင်းထက်ကျော် ရိုက်နှက်ဖမ်းဆီးခံခဲ့ရပြီးကတည်းက သဲကုန်း၊ ပြည်နဲ့ အခု တောင်ငူတို့မှာ ဆက်တိုက် ဆန္ဒပြခဲ့ကြတာပါ။ သူတို့ရဲ့ လိုလားချက်ကိုလည်း ကိုမင်းသွေးသစ်က ခုလို ပြောပါတယ်။

“အစိုးရအနေနဲ့က ကျောင်းသားတွေ ပြည်သူတွေအပေါ်မှာ အခုလို မတရားအကြမ်းဖက်တဲ့ အပေါ်မှာ မှားနေတယ်ဆိုတဲ့ဟာကို ကျနော်တို့ကို ပြန်တောင်းပန်ရမယ်။ အားလုံး လူသိရှင်ကြား ပြန်ပြီး တောင်းပန်ဖို့လိုတယ်၊ မတောင်းပန်သမျှ ကျနော်တို့ ဗကသ ခရိုင်တွေက တခရိုင်ပြီး တခရိုင် ဆန္ဒပြနေမှာပဲ။ နောက်ပြီးတော့ ဆန္ဒပြတဲ့အခါမှာလည်း တိုက်ပွဲအရှိန်ကိုလည်း ပုံစံမျိုးစုံနဲ့ မြှင့်တင်သွားမှာပါ။ နောက်တချက်က ပဲခူးတိုင်းဒေသကြီးအစိုးရက အကြမ်းဖက်တဲ့ ရဲတပ်ဖွဲ့ထဲက ဘယ်သူက အမိန့်ပေးတယ်၊ ဘယ်သူက အကြမ်းဖက်တယ်ဆိုတာကို ဖော်ထုတ်အရေးယူပေးဖို့ တောင်းဆိုတယ်။ အဲဒီ ၂ ချက် အစိုးရ မပြုလုပ်မချင်းတော့ ကျနော်တို့က ပုံစံမျိုးစုံနဲ့ အစိုးရကို ဆန့်ကျင် တိုက်ပွဲဝင်သွားမှာပါ။”

ပြီးခဲ့တဲ့ မေလ ၁၄ ရက်က သဲကုန်းမြို့နယ်မှာ လယ်သမားအရေးလုပ်ဆောင်သူကို လွှတ်ပေးဖို့ ဆုတောင်းပွဲပြုလုပ်ပြီး အပြန်လမ်းမှာ ရဲတပ်ဖွဲ့က ၀င်ရောက်ရိုက်နှက်ဖမ်းဆီးရာမှာ တောင်ငူခရိုင် ဗကသ ကျောင်းသား ကိုကောင်းထက်ကျော် ဒဏ်ရာရရှိပြီး အခုအချိန်ထိ ထွက်ပြေး တိမ်းရှောင်နေရတာဖြစ်ပါတယ်။

သဲကုန်းရဲတပ်ဖွဲ့က အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သူတို့ ဥပဒေအတိုင်း လုပ်ဆောင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မီဒီယာကို ထုတ်ဖော်ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013