
စပိန်နိုင်ငံအရှေ့မြောက်ပိုင်း ယေးဒါမြို့မှာ ဇူလိုင် ၁ ရက်က အများသုံး ဘတ်စ်ကားတစီးဟာ ပြည်နယ်ကောင်စီရုံး အဆောက်အအုံကို ဝင်တိုက်မိခဲ့တာကြောင့် အနည်းဆုံး လူ ၄၄ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ကက်တလိုနီးယား အရေးပေါ်ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုအဖွဲ့ (SEM) က ပြောပါတယ်။
ဒဏ်ရာရသူတွေထဲက ၄ ယောက်က စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပြီး ၉ ယောက်ကတော့ ဒဏ်ရာပြင်းထန်ပေမဲ့ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ အရေးပေါ်ကယ်ဆယ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ကျန်တဲ့ ၃၁ ယောက်ကတော့ ဒဏ်ရာအနည်းငယ်ပဲ ရရှိခဲ့ပါတယ်။
အခင်းဖြစ်ပွားရာနေရာကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ လူနာတင်ကားတွေ ချက်ချင်း စေလွှတ်ပေးခဲ့ပြီး သေဆုံးသူတော့ မရှိဘူးလို့ သိရပါတယ်။
ဒီဘတ်စ်ကားဟာ လေဒါမြို့ ဘတ်စ်ကားဂိတ်ကနေ ထွက်ခွာလာပြီး လာဂရန်ဟာ ဒက်စ်ကာ့ပ် စည်ပင်နယ်မြေကို ဦးတည်မောင်းနှင်နေတုန်း အခုလို ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။
Source: Reuters










