DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ် ကျေးရွာတချို့တွင် ကျောင်းဆရာများ လိုအပ်နေ
DVB
·
May 25, 2014
ကယားပြည်နယ် ကျေးရွာတချို့တွင် ကျောင်းဆရာများ လိုအပ်နေ
Donate to DVB

ကယားပြည်နယ်အခြေစိုက် ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့က စေတနာ့ဝန်ထမ်း ကျောင်းဆရာပေါင်း ၁၀၀ ကျော်ကို သင်တန်းပေးပြီး လိုအပ်ချက်ရှိတဲ့ ဒေသတွေကို စေလွှတ် ဖြည့်ဆည်းပေးနေပါတယ်။

ကျောင်းဆရာလိုအပ်ချက်ရှိတဲ့ ရွာတွေက တောင်းဆိုတာတွေ ဒီနှစ်မှာ ပိုများလာပေမယ့် အခက်အခဲတွေကြောင့် တောင်းသလောက်မပို့နိုင်ဘူးလို့ ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့ ဥက္ကဋ္ဌ ကိုလွီးစီငြိမ်းက ပြောပါတယ်။

MDG : Education in Burma :  Burmese children work at a school in Bago၂၀၁၀ ခုနှစ်တုန်းက စေတနာ့ဝန်ထမ်းကျောင်းဆရာ ၃ ယောက်တည်းနဲ့ စတင်ခဲ့ပြီး အခု အချိန်မှာ လူ ၁၀၀ ကျော်စေလွှတ်နိုင်မှာ ဖြစ်ပေမယ့် ကျောင်းဆရာလိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ဘူးလို့ သူက ဆက်ပြောပါတယ်။

ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းနဲ့ နေပြည်တော်တိုင်းက ကျေးရွာတွေက ဆရာလိုအပ်လို့ တောင်းဆိုကြတာကိုလည်း ကိုလွီးစီငြိမ်းက အခုလို ပြောပါတယ်။
“မြို့နယ် ၉ မြို့နယ်မှာ ကျေးရွာပေါင်း ၁၆၀ ကျော်က တောင်းလာတယ်။ တောင်းဆိုတဲ့ လူအင်အားက ၃၀၀ အထက်မှာ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ အခက်အခဲ အမျိုးမျိုးကြောင့် လူ ၂၀၀ လောက်ပဲ ပေးနိုင်တယ်။ ”

ဆရာလိုအပ်ချက် ရှိတဲ့ကျောင်းတွေမှာ ကိုယ်ထူကိုယ်ထ ကျောင်းတွေ ပါသလို အစိုးရကျောင်းတွေလည်း ပါတယ်လို့ ကိုလွီးစီငြိမ်းက ပြောပါတယ်။

သူတို့ရဲ့ အခက်အခဲ တချို့ကိုလည်း ကိုလွီးစီငြိမ်းက အခုလို ဆက်ပြောပါတယ်။
“ပထမဆုံးအခက်အခဲက လမ်းပန်းဆက်သွယ်ရေး ပေါ့။ လိုအပ်ချက်အများဆုံး စာသင်ကျောင်း တွေက အဝေးဆုံးနေရာမှာ ရှိနေတယ်။ ကယားပြည်နယ်က လမ်းပန်းဆက်သွယ်ရေးက အခက်အခဲဆုံး ပြည်နယ်ဖြစ်သလို ရွာသိမ်ရွာရှောင်တွေကလည်း များတယ်။ အဲဒီ ရွာသိမ်ရွာရှောင်တွေအထိကို ရောက်အောင်သွားဖို့က အခက်အခဲအဆုံးရာတွေက ငွေကြေးအရ လိုအပ်ချက်ရှိသလို့ ဆရာ၊ ဆရာမတွေကိုလည်း ထောက်ပံ့ကျေးတွေ ဘာမှမပေးနိုင်ဘူး။ ကျေးရွာက ကူညီနိုင်တဲ့ အတိုင်းအတာက နည်းလာတယ်။ တချို့ကျေးရွာတွေဆို ၁ နှစ်ပတ်လုံးမှ ဆရာ၊ ဆရာမ တယောက်ကို မုန့်ဖိုး ၁ သောင်း၊ ၂ သောင်း အဲဒီလောက်ပဲ ပေးနိုင်တယ်။”

စေတနာ့ဝန်ထမ်းကျောင်းဆရာတစ်ယောက်ဖြစ်တဲ့ ကိုထွန်းထွန်းဦးကတော့ မနှစ်က သူရဲ့ အတွေ့အကြုံကို အခုလို ပြောပါတယ်။

“အစိုးရတွေက ဆရာ ဆရာမတွေ အများကြီးချပေးတယ်လို့ ပြောသာ ပြောတယ်ပေါ့နော်။ တကယ်တန်း အလုပ်လုပ်နေတဲ့ ၀န်ထမ်းရှိသလို အလုပ်မလုပ်တဲ့ ၀န်ထမ်းနေရာမှာ အများကြီး လစ်ဟာမှုတွေလည်း ရှိတယ်။ အထူးသဖြင့် ကျနော်တို့ ကျေးလက် တောင်တောင်မှာ ဆိုရင် ကျနော်တို့ ကယန်းလူမျိုးပဲ ဖြစ်ဖြစ်၊ ဘယ်တိုင်းရင်းသားပဲကြည့်ကြည့် ကျနော်တို့ တိုင်းရင်းသားမှာ ပညာတတ်ဆိုတာ နည်းတယ်။ ဘော်လန်တီယာ ဆရာဆရာမတွေသာ တကယ်လို့ မသွားတော့ဘူးဆိုရင် ကျနော်တို့ ကလေးတွေဟာ ဘယ်တော့မှ စာတတ်မယ်လို့ မထင်ဘူး။”

အစိုးရက ဆရာဖြစ်သင်တန်းတွေပေးပြီး ကျောင်းဆရာတွေ ထပ်ခန့်နေပေမယ့် သွားလာရေး ခက်ခဲပြီး ဝေးလံတဲ့ ဒေသတွေကို မသွားလိုကြတဲ့အတွက် ဆရာတွေ လိုအပ်နေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013