DVB Logo
Home
မြန်မာသတင်း
တရုတ်-မြန်မာနယ်စပ်ဂိတ် ပုံမှန်ပြန်ဖွင့်မည်၊ မြန်မာ့ဖရဲ၊ သခွား စျေးကောင်းပြန်ရလာ
DVB
·
January 3, 2023
တရုတ်-မြန်မာနယ်စပ်ဂိတ် ပုံမှန်ပြန်ဖွင့်မည်၊ မြန်မာ့ဖရဲ၊ သခွား စျေးကောင်းပြန်ရလာ
Donate to DVB

ကိုဗစ်ကြောင့် အရင်က ပိတ်ထားခဲ့တဲ့ နှစ်နိုင်ငံ နယ်စပ်ဝင်ထွက်ပေါက်တွေကိုလည်း လာမယ့် ဇန်နဝါရီ ၈ ရက်ကစပြီး ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်သွားမယ်လို့  ရွှေလီမြို့ ပြည်ပရေးရာဌာနက ဇန်နဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန် ကြေညာထားပါတယ်။

အဲဒီ နယ်စပ်ဂိတ်တွေကနေ  ကုန်တင်ယာဥ်တွေရော၊ လူအဝင်အထွက်ကိုပါ အရင်ကအတိုင်း ခွင့်ပြုပေးသွားမယ်လို့ မူဆယ် အခြေစိုက် ကုန်သည်ကြီးတွေ ထံကသိရပါတယ်။

နယ်စပ်မြို့တွေမှာ တရုတ်နိုင်ငံဘက်က    Lock down ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်ပြီး တစ်လနီးပါး အကြာမှာ မူဆယ်သစ်သီးဝလံ စျေးကွက်အတွင်း မြန်မာ့ ဖရဲ၊သခွားသီးနှံတွေ စျေးကောင်း ပြန်ရလာတယ်လို့ ကုန်သည်တွေထံက သိရပါတယ်။

လတ်တလောမှာ မူဆယ်စျေးကွက်အတွင်းကို သစ်သီးကားအဝင်နည်းနေပြီ၊ တရုတ်ရိုးရာ နှစ်သစ်ကူး ပွဲတော်ကာလကလည်း မကြာခင် ရောက်ရှိတော့မှာ ဖြစ်လို့အခုလို စျေးကောင်းရရှိ လာတာလို့ ကုန်သည်အများစုက ပြောပါတယ်။

ကုန်သည်လုပ်ငန်းရှင်တစ်ဦးက "ဖရဲ၊ သခွားတွေ စျေးတက်ပါပြီ၊ အဝင်ကားနည်းလို့ စျေးရတာလည်းဖြစ်နိုင်သလို တရုတ်နှစ်သစ်ကူးချိန် ရောက်တော့မှာဖြစ်တာရယ် New year၊ နဲ့ ကိုဗစ်အလွန် အဲတာတွေကြောင့်  ဝယ်သူစျေးပေးတာ ဖြစ်နိုင်တယ်”လို့ ပြောပါတယ်။

လက်ရှိမှာ ၈၅၅ လို့ခေါ်တဲ့ ဖရဲ တစ်ကီလိုကို ၄ ယွမ်နဲ့ ၄ယွမ်အထက်စျေးရရှိနေပြီး၊  ထျန့်ဝမ်ဖရဲသီး တစ်ကီလိုကို ၄ ဒသမ ၇ယွမ်၊ ရွှေသခွားမွှေး တစ်ကီလို ကို  ၄ ဒသမ ၇ ယွမ်၊ ကနေ ၄ဒသမ၈ ယွမ် အထိ စျေးရရှိနေတယ်လို့ သိရပါတယ်။ 

အခုလို မူဆယ်  ဖရဲစျေးကွက်ပြန်‌ကောင်းလာပေမဲ့ အရည်အသွေးမကောင်းတဲ့သစ်သီးတွေ ထည့်သွင်းတင်ပို့မယ်ဆိုရင်တော့  စျေးကွက်ပျက်သွားနိုင်တယ်လို့ ကုန်သည်ကြီးတွေက သတိပေးထား ကြပါတယ်။

ကုန်သည်လုပ်ငန်းရှင်တစ်ဦးက “စျေးကောင်းပြီဆိုရင် အရည်အသွေးကို မထိန်းတော့ဘူး။ အကုန်တင် ကြပါတယ်။ စျေးကွက်တွေပျက်၊ ယုံကြည်မူတွေ အားနည်းကုန်ပါတယ်။ ဒါကြောင့် အသီးမညီဘူး၊ အရည်အသွေးမကောင်းရင် မတင်ပို့ကြပါနဲ့” လို့တိုက်တွန်းပါတယ်။

တရုတ်နိုင်ငံကို မူဆယ် ၁၀၅မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကနေ တဆင့် မြန်မာ့ဖရဲသီးတွေကို တင်ပို့ရောင်းချနေတာပါ။  တရုတ်နိုင်ငံဘက်က မြို့တွေမှာ ကိုဗစ်ရောဂါ ထိန်းချုပ်ရေးအတွက်  ကူးသန်းသွားလာခွင့်ကန့်သတ်ချက်( Lock down) မကြာခဏ ပြုလုပ်နေတာကြောင့် တရုတ်ဝယ်လက်ကုန်သည်တွေ နယ်စပ်ဈေးကွက်ကို အဝယ်မလာရောက်နိုင်ဖြစ်ပြီး  ပြီးခဲ့တဲ့ လပိုင်းတွေမှာ ဖရဲသခွား စျေးနှုန်းတွေ ကျဆင်းနေခဲ့ပါတယ်။

ဒီဇင်ဘာလဆန်းပိုင်းမှာ တရုတ်ဘက်က Lock down ကန့်သတ်ချက်တွေကို ပြန်ပယ်ဖျက်လိုက်တာကြောင့် စျေးကွက်ပြန် အသက်ဝင်လာပြီ အခုအခါမှာ စျေးကောင်း ပြန်ရရှိလာတာပါ။

တရုတ်နိုင်ငံအနေနဲ့ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမှာ ကိုဗစ်ရောဂါ အကြောင်းပြပြီး တင်းကျပ် ကန့်သတ်ထားတဲ့  သတ်မှတ်ချက်တွေကို အခုအခါ ပြန်လည် ဖြေလျှော့လာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်က တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် လွယ်ဂျယ်ဂိတ်မှာ အစားထိုး ယာဉ်မောင်းစနစ်နဲ့  ကုန်သွယ်မှုအပါအဝင်  ကိုဗစ်စည်းကမ်းချက်တချို့ကို ဖြေလျှော့ပေးခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ  ကိုဗစ်--၁၉ ကပ်ရောဂါစတင်ဖြစ်ပွားတဲ့ ၂၀၂၀ ကစလို့ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးကို စည်းကမ်းစည်းကမ်းမျိုးစုံနဲ့ တဖြည်းဖြည်းတင်းကျပ်လာခဲ့ပြီး မြန်မာနိုင်ငံသားတွေကို ပြည်ဝင်ခွင့်ပိတ်ကာ၊ ကုန်နဲ့ မော်တော်ယာဉ်တွေကို ယာဉ်မောင်းအစားထိုး (ရှန်တိန်)စနစ်နဲ့ ဝင်ခွင့်ပြုတာအပြင် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုတွေကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီလို ဆောင်ရွက်ခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ်တွေက မြန်မာ့ပို့ကုန်တွေ လမ်းခရီး အချိန်ကြန့်ကြာခဲရပြီး သယ်ယူပို့ဆောင်စရိတ်စကတွေ မြင့်တက်ခဲ့ရသလို ပုပ်သိုးလွယ်တဲ့ကုန်စိမ်း၊ သစ်သီး၊ ရေထွက်ကုန်တွေဟာ ကုန်ထုတ်လမ်းကြောင်းပိတ်ဆို့ပြီး တောင်သူနဲ့လုပ်ငန်းရှင်တွေမှာ ဆုံးရှုံးထိခိုက် နစ်နာခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013