DVB Logo
Home
မြန်မာသတင်း
မဲဆောက်-မြ၀တီ လှေဆိပ်များ ပိတ်ထား
DVB
·
May 23, 2014
မဲဆောက်-မြ၀တီ လှေဆိပ်များ ပိတ်ထား
Donate to DVB

ထိုင်းနိုင်ငံမှာ စစ်တပ်အာဏာသိမ်းကြောင်း မနေ့ညနေပိုင်းက ထုတ်ပြန်ကြေညာလိုက်ပြီးတဲ့နောက် ပိတ်ခဲ့တဲ့ နယ်စပ် မဲဆောက်-မြ၀တီ ဂိတ်ကို ဒီမနက် ပြန်ဖွင့်ပေမယ့် တံတားအောက် သောင်Mae sot br copyရင်းမြစ်ပေါ် ဖြတ်သန်းသွားလာတဲ့ လှေတွေ ကိုတော့ ပိတ်ထားလိုက်ပါတယ်။

ထိုင်းနိုင်ငံရေး မငြိမ်သက်မှုကြောင့် ထိုင်းတပ်မတော်ဟာ မေ ၂၀ ရက် နံနက် ၃း၀၀ နာရီက မာရှယ်လောထုတ်ပြီး နိုင်ငံတည်ငြိမ်အောင် ထိန်းခဲ့ပြီးနောက် မေ ၂၂ ရက် ညနေ ၄ နာရီ ခွဲမှာတော့ ထိုင်းတပ်မတော်က အာဏာသိမ်း လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

ထိုင်းတပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် ညနေပိုင်းမှာ ထိုင်း မြန်မာ ချစ်ကြည်ရေးတံတား မဲဆောက်မြ၀တီတံတားကို ပိတ်ထားခဲ့ပါတယ်။ ဒီမနက်မှာတော့ မနက် ၈ နာရီလောက်က ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမယ့် တံတားအောက် သောင်ရင်းမြစ်ပေါ် ဖြတ်သန်းသွားလာတဲ့ လှေတွေကို ပိတ်ထားလိုက်ပါတယ်။

ထိုင်းနယ်စပ်အရာရှိတဦးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ နယ်စပ်တံတားကိုတော့ ပုံမှန်အတိုင်းသွားလာခွင့်ပြုထားကြောင်း၊ ဒါပေမယ့် လှေတွေကိုတော့ လုံးဝသွားလာခွင့်မပြုတော့ဘူးလို့ ပြောပါတယ်။

ဒီလို ပိတ်ထားတာ ဘယ်လောက်ကြာအောင် ပိတ်ထားမလဲဆိုတာကိုတော့ ပြောဆိုခြင်းမရှိပါဘူး။
မြ၀တီမြို့မှာနေထိုင်တဲ့ ဒေသခံတဦးကတော့ လှေတွေ ပိတ်ထားတဲ့အတွက် တံတားပေါ်မှာပဲ သွားလာကြတယ်လို့ ပြောပါတယ်။

ထိုင်း-မြန်မာနယ် နောက်တခုဖြစ်တဲ့ တာချီလိတ်-မယ်ဆိုင်မှာတော့ လူအသွားအလာ နည်းသွားတာကလွဲရင် နယ်စပ်ဂိတ်ကတော့ ပုံမှန်အတိုင်းပဲ ဖွင့်ထားတယ်လို့ မယ်ဆိုင်မှာနေထိုင်တဲ့ ဦးတင်မောင်က ပြောပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013