DVB Logo
Home
မြန်မာသတင်း
မေ ၂၄ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် (ဒေါက်တာ ထွန်းလွင်)
DVB
·
May 23, 2014
မေ ၂၄ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် (ဒေါက်တာ ထွန်းလွင်)
Donate to DVB

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြောက်-အနောက်မြောက်ဘက်အရပ်ကို ဦးတည်ရွေ့လျားမယ်လို့ခန့်မှန်းထားပါတယ်။ ကျန်ဘင်္ဂလား ပင်လယ်အော်မှာတော့ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း၊ တောင်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ တိမ်အသင့်အတင့် မှ တိမ်ထူထပ်နေပါတယ်။ ကျန်ဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။

မေလ ၂၄ ရက်နေ့

Slide4မြန်မာ့ပင်လယ်ပြင်အခြေအနေခန့်မှန်း ချက်ကတော့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း တလျှောက်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်မှာ တခါတရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်ပါတယ်။ လှိုင်းအမြင့် ၅ ပေကနေ ၈ ပေလောက်မြင့်တက်နိုင်ပါတယ်။ ကျန်မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၂ ပေကနေ ၅ ပေလောက်မြင့်တက်နိုင်ပါ တယ်။

အပူရှိန်မြင့်တက်နိုင်မှုကတော့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတွေဟာ အနည်းငယ်ပြန်လည်မြင့်တက်နိုင်ပါတယ်။ ဒါပေမယ့် မြစ်ကြီးနား၊ ပဲခူး၊ ရန်ကုန်မြို့တွေမှာ လွန်ကဲအဆင့်ဖြစ်တဲ့ အညွှန်းကိန်း တန်ဖိုး ၁၁ အောက်ကိုကျဆင်းနိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းအနိမ့်ဆုံးတန်ဖိုး ၁၀.၁ ကျရောက်နိုင်တာကတော့ ရန်ကုန်မြို့ ဖြစ်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာ အညွှန်းကိန်း ၁၁ ကနေ ၁၃ ကျော်မြင့်တက်နိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်အမြင့်ဆုံးကျရောက်နိုင်တာကတော့တောင်ကြီးမြို့ဖြစ်ပါတယ်။အညွှန်းကိန်းတန်ဖိုး ကတော့ ၁၃.၆ ကျရောက် နိုင်ပါတယ်။

နေ့အပူချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်ဒေသတွေမှာ နေ့အပူချိန် ၂၆ ဒီဂရီစင်တီဂရိတ် ကနေ ၃၂ ဒီဂရီစင်တီ ဂရိတ်ခန့် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၃ ဒီဂရီစင်တီဂရိတ် ကနေ ၃၅ ဒီဂရီစင်တီဂရိတ် ခန့်ရှိနိုင်ပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှုခန့်မှန်းချက်ကတော့ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေး တိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းတို့မှာ မိုးတိမ်တောင်ဖြစ်ပေါ် နိုင်မှု ၃၅ ရာခိုင်နှုန်း ကနေ ၅၅   ရာခိုင်နှုန်းလောက် သေချာမှု ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၁၅  ရာခိုင်နှုန်းကနေ ၂၅  ရာခိုင်နှုန်း လောက် ရှိနိုင်ပါတယ်။

မိုးရွာသွန်းနို်င်မှုခန့်မှန်းချက်ကတော့ ကချည်ပြည်နယ်မြောက်ပိုင်းနဲ့ တနင်္သာရီတိုင်း တွေမှာမိုးရွာဖို့ သေချာမှု ၃၀  ရာခိုင်နှုန်း ကနေ ၅၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။ ကျန်တနိုင်ငံလုံးနီးပါးမှာ မိုးရွာဖို့ အလားအလာတွေ အလွန်ပဲကောင်းနိုင်ပြီး သေချာမှုအနေနဲ့  ၆၀  ရာခိုင်နှုန်း ကနေ ၈၀  ရာခိုင်နှုန်း လောက် သေချာမှုရှိနိုင် ပါတယ်။

မိုးရေချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်မြောက်ပိုင်းနဲ့ချင်းပြည်နယ်မြောက်ပိုင်းတို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၅ မီလီမီတာ ကနေ ၂၀ မီလီမီတာလောက် မိုးရွာနိုင်ပါတယ်။

 မြို့တော်ကြီးတွေခန့်မှန်းချက်ကတော့ နေပြည်တော်နဲ့အနီးတ၀ိုက်မှာ  အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီစင်တီ ဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့သေချာမှု ၆၀  ရာခိုင်နှုန်း ရှိနိုင်ပါတယ်။

ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၃ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့သေချာမှု ၉၀  ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။

မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၄ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၆၀  ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013