
ဗြိတိန်နိုင်ငံက နာမည်ကျော် Morris Garages MG ကုမ္ပဏီဟာ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ အရောင်းပြခန်း ဖွင့်လှစ်ပြီးနောက် မော်ဒယ် အမျိုးအစား ၅ မျိုးကို ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး အရစ်ကျ စနစ်နဲ့ ရောင်းချပေးမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။
ဈေးနှုန်း အနိမ့်ဆုံးကားဟာ ကျပ် ၁၅၈ သိန်းပေးရတဲ့ MG-3 အမျိုးအစားဖြစ်ပြီး အင်ဂျင်ပါဝါ ၁၅၀၀ စီစီရှိပါတယ်။ ဈေးအမြင့်ဆုံးကတော့ ကျပ် ၃၃၈ သိန်း သတ်မှတ်ထားတဲ့ MG-750 အမျိုးအစားဖြစ်ပြီး အင်ဂျင်ပါဝါ ၂၅၀၀ စီစီ ရှိတယ်လို့ ဆိုပါတယ်။
ကုမ္ပဏီရဲ့ ထုတ်ပြန်ကြေညာချက်မှာ ကားတွေဟာ မြန်မာနိုင်ငံ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နဲ့ ကိုက်ညီတဲ့ ဘယ်မောင်းကားတွေ ဖြစ်ပြီး ၃ နှစ်အာမခံ ဒါမှမဟုတ် ကီလိုမီတာ ၆ သောင်း အထိ အခမဲ့ပြုပြင်ပေးမယ်လို့ ဆိုပါတယ်။
MG ကုမ္ပဏီရဲ့ ကားအရောင်းပြခန်းကို ရန်ကုန် ဟံသာဝတီ အ၀ိုင်းနားမှာ ဖွင့်လှစ်ထားပါတယ်။










