DVB Logo
Home
သတင်းတို
မဇ္ဈိမက SMS သတင်းနှင့်မိုဘိုင်းဖုန်းရေဒီယို သတင်းနှစ်မျိုး ရောင်းချ
DVB
·
May 23, 2014
မဇ္ဈိမက SMS သတင်းနှင့်မိုဘိုင်းဖုန်းရေဒီယို သတင်းနှစ်မျိုး ရောင်းချ
Donate to DVB

မြန်မာနိုင်ငံ ပြည်တွင်းမှာ ထုတ်ဝေတာ တနှစ်ပြည့်ပြီဖြစ်တဲ့ မဇ္ဈိမမီဒီယာဟာ မိုဘိုင်းဖုန်းတွေကနေ တဆင့် SMS သတင်းနဲ့ မိုဘိုင်းဖုန်း ရေဒီယို သတင်းနှစ်မျိုး စတင်ရောင်းချပြီလို့ ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။

ပြည်တွင်းသတင်း၊ အားကစားသတင်း၊ အနုပညာသတင်းနဲ့ ဖျော်ဖြေရေး သတင်းတွေကို SMS နဲ့ ဖြစ်စေ၊ ရေဒီယို အသံနဲ့ ဖြစ်စေ နားထောင်နိုင်မှာဖြစ်ပြီး ၁ ရက်ကို ၀န်ဆောင်ခ ကျပ် ၇၀ နှုန်းကျသင့်မယ်လို့ ဆိုပါတယ်။

mizzimaအခုလို မိုဘိုင်းဖုန်းကနေ ရေဒီယို အသံနဲ့ ၀န်ဆောင်မှုပေးတာကို BBC မြန်မာပိုင်း အစီအစဉ်ကလည်း လုပ်ဆောင်နေသလို SMS နဲ့ သတင်းဝန်ဆောင်မှု ပေးတာကိုတော့ အလဲဗင်း မီဒီယာကလည်း လုပ်ကိုင်နေပါတယ်။

သိပ်မကြာမီ နော်ဝေ အခြေစိုက် တယ်လီနော် နဲ့ ကာတာ အခြေစိုက် အော်ရီဒူး ကုမ္ပဏီတွေ မိုဘိုင်းဖုန်း ၀န်ဆောင်မှုပေးတဲ့အခါမှာလည်း အဲဒီ ကုမ္ပဏီတွေနဲ့ ပေါင်းပြီး သတင်းဝန်ဆောင်မှုလုပ်ငန်း တိုးချဲ့ဖို့ ရှိတယ်လို့ မဇ္ဈိမ အယ်ဒီတာချုပ် ဦးစိုးမြင့်က ဒီဗွီဘီ ကို ပြောပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013