DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၁ ရက်ထပ်တိုး
DVB
·
May 22, 2014
ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၁ ရက်ထပ်တိုး
Donate to DVB

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ဖွဲစည်း ထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့တို့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးမူကြမ်း အခန်း ၇ ခန်းမှာ ၅ ခန်းကို ဆွေးနွေးနိုင်ခဲ့ကြပြီး နောက်ထပ် ၁ ရက်ဆွေးနွေးဖို့ ရက်တိုးလိုက်ပါတယ်။

IMG_9220ရန်ကုန်မြို့ myanmar peace center မှာ  တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် မူကြမ်း (Single Text) တစ်စောင် ရရှိဖို့အတွက် ဆွေးနွေးနေကြရာမှာ အခန်း ၇ ခန်းအနက် ငါးခန်းထိ ဆွေးနွေးနိုင်ခဲ့ပြီး မေလ ၂၃ ရက်နေ့မှာ ထပ်မံ ဆွေးနွေးကြမှာပါ။

ဒီနေ့ ဆွေးနွေးခဲ့တဲ့ အခန်း ၅ ထိပြီးတဲ့အခါမှာ ကွဲလွဲမှုတွေ လျော့နည်း လာပြီး နောက်အခန်းတွေမှာလည်း မပြောပလောက်တဲ့ ကွဲလွဲမှုအနည်းငယ်လောက်ပဲရှိမယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

ယာယီသဘောတူညီချက် ပြီးတဲ့အခါ နှစ်ဘက်ခေါင်းဆောင်တွေ ဘက်က ပြင်ဆင်နိုင်တဲ့ အချက်တစ်ချို့ ရှိပြီး အပြတ်ငြင်းတာမျိုးတော့မရှိနိုင်ကြောင်း ခုလိုခန့်မှန်းပြောဆိုပါတယ်။

အခန်း ၇ ခန်းပါတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် မူကြမ်း ကို ဆွေးနွေးပြီးတဲ့အခါ ဒုတိယမှုကြမ်းပဲ ရရှိဦးမှာဖြစ်ပြီး   နောက်တကြိမ် ထပ်မံဆွေးနွေးရဦးမယ်လို့ ဦးလှမောင်ရွှေကပြောပါတယ်။ အောင်အောင်မြင်မြင်နဲ့ ဆွေးနွေးနိုင်ဖို့ ယုံကြည်ကြောင်း ဆိုပါတယ်။

ညှိနှိုင်းရာမှာ ဆုံးဖြတ်ချက်ချဖို့ ခက်တဲ့အချက်တချို့ရှိပြီး နောက်ထပ်လာမယ့်ဆွေးနွေးပွဲမှ သာအတည်ပြုနိုင်မယ့် အချက်တချို့လည်း ရှိတယ်လို့ ပြောပါတယ်။

ဒီဆွေးနွေးပွဲဟာ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးရရှိရေးအတွက် ပြည်ထောင်စုငြိမ်း ချမ်းရေးဖော် ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ဖွဲစည်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့တို့ရဲ့အဌမအကြိမ်မြောက် ဆွေးနွေးပွဲလည်း ဖြစ်ပါတယ်။ အသံဖိုင်နားဆင်ရန်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013