
ပြည်တွင်းမှာ ပဲဖိုးအကြွေးနဲ့ ရင်ဆိုင်နေရတဲ့ အိတ်စပို့စ်ပဲကုမ္ပဏီရဲ့ ပြဿ နာကို နှစ်ဖက် ညှိနှိုင်းမှုနဲ့ ပြေလည်သွားပြီ ဖြစ်ကြောင်း ညှိနှိုင်းဖြေရှင်းရေးကော်မတီက ပြောပါတယ်။
[caption id="attachment_48640" align="alignright" width="300"]
နိုင်ငံတကာသို့ တင်ပို့သည့် ပဲအမျိုးမျိုး နမူနာများ[/caption]
အခုနှစ်မှာ ပဲမျိုးစုံရဲ့ ဈေးနှုန်းအပြောင်းအလဲတွေကြောင့် ပဲဖိုးအကြွေးပြဿ နာနဲ့ ရင်ဆိုင်နေရတဲ့ မိုးသက်ကုမ္ပဏီဟာ ဒီကိစ္စ ဖြေရှင်းပေးဖို့အတွက် မြန်မာနိုင်ငံ ပဲနှမ်းအသင်းထံ အကူအညီ တောင်းခံခဲ့ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံ ပဲနှမ်းအသင်းက မိုးသက်ကုမ္ပဏီအနေနဲ့ ပေးရမယ့် ငွေပမာဏက များတဲ့အတွက် စီးပွားကူးသန်းဝန်ကြီးဌာနထံ လျှောက်ထားခဲ့ပြီးတော့ ညှိနှိုင်းဖြေရှင်းရေးကော်မတီ တရပ်ကို ဖွဲ့စည်းလိုက်တာပါ။
ဒီကော်မတီက မိုးသက်ကုမ္ပဏီရဲ့ ရရန်ရှိနဲ့ပေးရန်ရှိ စာရင်းတွေကို စိစစ်တွက်ချက်ခဲ့ပြီး စာရင်းအရ နှစ်ဖက်ပြေလည်မှု ရရှိရေးအတွက် အခုလိုဖြေရှင်းဆောင်ရွက်ပေးခဲ့တဲ့အကြောင်း ညှိနှိုင်းဖြေရှင်းရေး ကော်မတီ အတွင်းရေးမှူး ဦးသန်းအောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။
မိုးသက်ကုမ္ပဏီဆီက ရရန်ရှိတဲ့ ပဲဖိုးအကြွေးတွေကိုလည်း မြန်မာနိုင်ငံ ပဲနှမ်းအသင်းက ကြီးကြပ်ပြီးတော့ ပြည်တွင်း၊ ပြည်ပက ပဲကုမ္ပဏီတွေကို အခုစတင် ဖြေရှင်းပေးနေပြီဖြစ်တယ်လို့ သူက ဆက်လက်ပြောပါတယ်။
ပဲဖိုးအကြွေး ကျပ်သိန်းပေါင်း ၁၅ သိန်းကျော် ပေးလျော်ခဲ့ရတဲ့အထဲမှာ ပြည်ပအခြေစိုက် ပဲကုမ္ပဏီ ၁၆ ခုတို့ရဲ့ ပိုင်ဆိုင်မှုက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
ပြည်တွင်းပဲဈေးကွက်မှာ ပဲလောက အရှုပ်အရှင်းပြဿ နာတွေက ပြီးခဲ့တဲ့နှစ်တွေမှာလည်း ပေါ်ပေါက်ခဲ့ပါသေးတယ်။
အပြည့်အစုံ အသံဖိုင်နားဆင်ရန်










