DVB Logo
Home
မြန်မာသတင်း
ဗကသ ကျောင်းသားများ ပြည်မြို့တွင် ဆန္ဒပြ
DVB
·
May 22, 2014
ဗကသ ကျောင်းသားများ ပြည်မြို့တွင် ဆန္ဒပြ
Donate to DVB

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲချုပ် (ဗကသ) အဖွဲ့ဝင်တွေ ဒီကနေ့ မေလ ၂၂ ရက်နေ့မှာ ပဲခူးတိုင်းပြည်မြို့မှာ ဆန္ဒပြချီတက်ခဲ့ကြပါတယ်။

[caption id="attachment_57081" align="alignright" width="300"]Photo by ABSFU Photo by ABSFU[/caption]ဗကသ အဖွဲ့ဝင်တွေဟာ သဲကုန်းမြို့နယ်က မတရားဖမ်းဆီးထားတဲ့ လယ်သမားတွေကို ပြန်လွတ်ပေးဖို့ သဲကုန်းမြို့ အောင်ကုန်းရွာတွင် လယ်သမားအရေး ကူညီဆောင်ရွက် ပေးနေတဲ့ တောင်ငူ ဗကသ ကျောင်းသား ကိုကောင်းထက်ကျော်နဲ့ လယ်သမားတွေကို စွပ်စွဲထားတဲ့အမှု ပြန်လည်ရုပ်သိမ်းရေးအပါအ၀င် အချက် ၅ ချက်ကို တောင်းဆို ဆန္ဒပြခဲ့ကြတယ်လို့ ဗကသ ဗဟိုကော်မတီအတွင်းရေးမှူး ကိုမင်းသွေးသစ်က ပြောပါတယ်။

“အဓိက မနက်က တောင်းဆိုတာ အချက် ၅ ချက်ပါ။ မတရားဖမ်းဆီးထားတဲ့ လယ်သမားတွေ ပြန်လည်လွှတ်ပေးရေးရယ် နောက် လယ်သမားတွေနဲ့ ကိုကောင်းထက်ကျော်ကို စွဲဆိုထားတဲ့ ပုဒ်မတွေ ပြန်လည် ရုပ်သိမ်းပေးရေးရယ်၊ နောက်တချက်က မတရားအကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ ရဲတပ်ဖွဲ့ကို စုံစမ်းဖော်ထုတ် အရေးယူပေးရေးရယ်၊ နောက်ထပ် အောင်ကုန်းရွာမှာ သိမ်းဆည်းထားတဲ့ လယ်တွေ ပြန်လည်ရရှိရေးရယ်၊ နောက်ဆုံးကတော့ ကျောင်းသားပြည်သူတွေကို အခြေမခံတဲ့ အမျိုးသား ဥပဒေမူကြမ်းကို ဆန့်ကျင်ရေးတို့ ပါပါတယ်။”

သဲကုန်းမြို့နယ်မှာ မေလ ၁၄ ရက်နေ့က လယ်သမားခေါင်းဆောင် ကိုပေါက်စ ပြန် လည် လွတ်မြောက်ဖို့ မိုးကောင်းဘုရား ဆုတောင်းပွဲကအပြန်မှာ သဲကုန်းရဲစခန်းက တုတ်၊ ဓားတွေနဲ့ ဝင်ရောက်ဖမ်းဆီး အကြမ်းဖက်ခဲ့တာပါ။
ဒီအကြမ်းဖက်မှုအတွင်း ဗကသ အဖွဲ့ဝင် ကိုကောင်းထက်ကျော် ဒဏ်ရာရရှိခဲ့ပြီး ကိုကောင်းထက်ကျော်နဲ့ လယ်သမားတွေကို အမှုဖွင့်ထားတဲ့အတွက် အခုလို ဆန္ဒပြခဲ့ကြတာပါ။

ဒီဆန္ဒပြပွဲကို ပြည်မြို့ ဗိုလ်ချုပ်ကြေးရုပ်ကနေ ပြည်မြို့မှာရှိတဲ့ ပဲခူးတိုင်းဒေသကြီးအစိုးရရုံးမှာ သွားရောက်ကြွေးကျော်ဆန္ဒထုတ်ဖော်ခဲ့တာလို့ ပြောပါတယ်။
ဒီဆန္ဒပြပွဲအတွင်း ဗကသ ဗဟိုလုပ်ငန်း ကော်မတီအပါအ၀င် ပြည်ခရိုင်၊ ဟင်္သာတခရိုင်၊ တောင်ငူခရိုင်၊ မုံရွာခရိုင်၊ မန္တလေးခရိုင်နဲ့ ရန်ကုန်တောင်ပိုင်း ခရိုင်က ကျောင်းသားသမဂ္ဂတွေ အပါအ၀င် လူအင်အား ၁၀၀ ကျော်နဲ့ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
မနေ့တုန်းကလည်း သဲကုန်းမြို့မှ အလားတူ ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အခုချိန်ထိတော့ ကျောင်းသား ကိုကောင်းထက်ကျော်ဟာ တိမ်းရှောင်နေရဆဲဖြစ်တယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013