DVB Logo
Home
မြန်မာသတင်း
မြန်မာ-၀မ်ဘောင် ကုမ္ပဏီဝန်ထမ်းများ ထပ်မံဆန္ဒပြ
DVB
·
May 22, 2014
မြန်မာ-၀မ်ဘောင် ကုမ္ပဏီဝန်ထမ်းများ ထပ်မံဆန္ဒပြ
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင်မှာ ကြေးနီတူးဖော်နေတဲ့ မြန်မာ-၀မ်ဘောင် ကုမ္ပဏီက ၀န်ထမ်းတွေဟာ  လုပ်ခလစာ တိုးမြှင့်ပေးဖို့ ၇ ကြိမ်မြောက် ထပ်မံ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

လက်ပံတောင်း ကြေးနီစီမံကိန်းမှာ ဝင်လုပ်ဖို့ မြန်မာ-ဝမ်ဘောင်ကုမ္ပဏီရဲ့ စာတွေ့၊ လက်တွေ့ သင်တန်း အပတ်စဉ် ၂ မှာ တက်ရောက်ခဲ့တဲ့ ဘွဲ့ရ၀န်ထမ်းတွေ အပါအ၀င် ဒေသခံ အလုပ်သမားရာနဲ့ချီပြီး မေလ ၂၁ ရက်နေ့က ဆန္ဒပြခဲ့ကြတာပါ။

[caption id="attachment_57076" align="alignright" width="300"]ဓာတ်ပုံ - ဟန်ဝင်းအောင် ဓာတ်ပုံ - ကိုဟန်ဝင်းအောင်[/caption]

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရပ်ကွက်ရှိ ရွှေလွန်းပျံသစ်ကွင်းကနေ နံနက် ၈ နာရီ စတင်ထွက်ရှိလာခဲ့ပြီး ညောင်ပင်ကြီး-ဖိုလ်ဝင်တောင် လမ်းမှ ပုသိမ်-မုံရွာလမ်းဆုံ ၀မ်ပေါင်ကုမ္ပဏီ ရုံးရှေ့အထိ ချီတက်ဆန္ဒ ထုတ်ဖော်ခဲ့ကြတာဖြစ်ပါ တယ်။

ဆန္ဒပြတဲ့ အလုပ်သမား ၀န်ထမ်းတွေကို ၀မ်ပေါင်ကုမ္ပဏီက စာတွေ့လက်တွေ့သင်တန်း ၅ လပေးပါတယ်။ သင်တန်းပြီးလို့ စာချုပ်ချုပ်ရင် တလ ဒေါ်လာ ၁၂၀ ပဲ ပေးမယ်လို့ ကုမ္ပဏီက ပြောဆိုတဲ့အတွက် အလုပ်သမားဝန်ထမ်းတွေက လက်မခံဘဲ ဒေါ်လာ  ၂၄၀ တောင်းဆိုတာ ဖြစ်ပါတယ်။

ဒီလို ချီတက်ဆန္ဒပြတာဟာ အဓိက လစာတိုမြှင့်ဖို့ဖြစ်ပြီး ဆန္ဒပြခဲ့တာ အကြိမ်ကြိမ်ရှိ ပေမယ့် အရေးယူဆောင်ရွက်ပေးမှု မရှိတဲ့အတွက် ထပ်မံဆန္ဒပြရတာလို့ ဆန္ဒပြသူတဦးဖြစ်တဲ့ ကိုသန်းလွင်က ပြောပါတယ်။

“သူတို့က ကျနော်တို့ကို ၁၂၀ ပဲပေးမယ်။ ဆန္ဒဖော်ထုတ်လာလည်း ၇ ကြိမ်မြောက်ပါ။ ၂ လည်း ပြည့်တော့မှာပါ။ ၂ လပြည့်သော်လည်း ၁၂၀ ပေးမယ်ဆိုလို့ ဆန္ဒဆက်လက်ပြီး ဖော်ထုတ်တာပါ။ ပြီးခဲ့တဲ့ ၄ လပိုင်း ၁၉ ရက်နေ့က တိုင်းဒေသကြီးဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်ရယ် သတ္တုသစ်တောဝန်ကြီး ဦးသန်းထိုက်ရယ် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးအောင်ဇော်ဦးရယ် ကျနော်တို့အသံကို နားထောင်ပြီးတော့ အထက်ကို တင်ပြထားတယ်လို့ ပြောပေမယ့် အခုအချိန်အထိ အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။”

ဆန္ဒပြသူ ဦးရေ ၆၀၀ လောက်ရှိတယ်လို့လည်း သူက ခန့်မှန်းပြောဆိုပါတယ်။

အလုပ်သမားတွေရဲ့ လုပ်အားခတိုးပေးရေး ဆန္ဒပြမှုနဲ့ပတ်သက်ပြီး မြန်မာ- ၀မ်ဘောင်ကုမ္ပဏီကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းခဲ့ပေမယ့် တာဝန်ယူ ဖြေကြားမယ့်သူ မရှိခဲ့ပါဘူး။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာအစိုးရ၊  မြန်မာ့စီးပွားရေး ဦးပိုင်လီမိ တက်နဲ့ တရုတ်နိုင်ငံ ၀မ်ပေါင်ကုမ္ပဏီတို့က အကျိုးတူပူးပေါင်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013