DVB Logo
Home
မြန်မာသတင်း
တရုတ်လူမျိုး ၂ ဦးကို ပြန်ပေးဆွဲခဲ့ခြင်းမဟုတ်ဟု လက်ပံတောင်းဒေသခံများပြော
DVB
·
May 22, 2014
တရုတ်လူမျိုး ၂ ဦးကို ပြန်ပေးဆွဲခဲ့ခြင်းမဟုတ်ဟု လက်ပံတောင်းဒေသခံများပြော
Donate to DVB

မေလ ၁၈ ရက်နေ့က ဆည်တည်းရွာနဲ့ တုံရွာအကြားယာခင်းထဲကို မြေတိုင်းဖို့ ရောက်ရှိခဲ့တဲ့ ၀မ်ပေါင်ကုမ္မဏီဝန်ထမ်း တရုတ်လူမျိုးတဦးနဲ့ စကားပြန်တဦးကို ပြန်ပေးဆွဲတာမဟုတ်ဘဲ ခေတ္တခေါ်ယူထားခြင်းသာ ဖြစ်ကြောင်း လက်ပံတောင်း ကြေးနီစီမံကိန်းဒေသ၊ ဆည်တည်းရွာခံတွေက ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းမှာ ဒီနေ့နေလယ် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောကြားပါတယ်။

Lapadaung Press release22052014ဆည်တည်းဒေသခံတွေက တရုတ်လူမျိုးနှစ်ဦးကို မေလ ၁၈ ရက် မနက်ကနေ မေလ ၁၉ ရက်နေ့ ညနေပိုင်းအထိ ခေတ္တခေါ်ယူထားပြီး  လျော်ကြေးယူထားခြင်းမရှိတဲ့ လယ်ယာမြေတွေ ပြန်ပေးဖို့၊ မြေစာပုံပြုလုပ်ထားတဲ့ လယ်ယာမြေတွေ အမြန်ဆုံးဖြေရှင်းပေးဖို့အတွက် ခေါ်ယူထားတာ ဖြစ်ကြောင်း ပြောကြားပါတယ်။

မေလ ၁၉ ရက် ညနေပိုင်းမှာ လက်ပံတောင်းဒေသ ၂၆ ရွာက ကိုယ်စားလှယ်တချို့ မြန်မာ-၀မ်ဘောင် ဆက်ဆံရေးရုံးကို သွားရောက်ပြီး ယင်းမာပင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်က မြေယာတွေမှာ သံဆူးကြိုးမတိုးချဲ့ဖို့၊ လွတ်နေတဲ့ မြေယာတွေကို ထွန်ရက်ခွင့် အချက်တွေ ပေးခဲ့တဲ့အတွက် တရုတ်လူမျိုးနှစ်ဦးကို စစ်ကိုင်းတိုင်းရဲမှူးထံ ပြန်လည်အပ်နှံခဲ့တယ်လို့ ဆည်တည်းဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ တရုတ် ၀န်ထမ်း ၂ ဦးမှာ အသက် ၂၃ နှစ် အရွယ်ရှိ Lu Yuanhao နှင့် Miu Jie တို့ ဖြစ်တယ်လို့ မြန်မာ-၀မ်ဘောင် ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။

အသံဖိုင် နားဆင်ရန်
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013