DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်တပ်ကြောင့် ၁၀ လအတွင်း ကလေးငယ် ၂၃၀ ကျော် သေဆုံး
DVB
·
October 29, 2026
စစ်အာဏာရှင်တပ်ကြောင့် ၁၀ လအတွင်း ကလေးငယ် ၂၃၀ ကျော် သေဆုံး
Donate to DVB

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ အောက်တိုဘာ ၂၈ ရက်အထိ ၁၀ လနီးပါးအတွင်း  စစ်အာဏာရှင်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် မြန်မာနိုင်ငံတဝန်း အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၂၃၀ ကျော် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။ 

သေဆုံးသူတွေထဲက ကလေး ၁၄၈ ယောက်ကို AAPP က နာမည်နဲ့ အတည်ပြုထားနိုင်ပြီး အဲဒီအထဲမှာ မိန်းကလေး ၆၂ ယောက်၊ ယောကျ်ားလေး ၈၆ ယောက်ပါဝင်တယ်လို့ ဆိုပါတယ်။

နောက်ထပ် သေဆုံးတဲ့ ကလေး ၈၄ ယောက်ကိုတော့ အတည်ပြုဖို့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးရတဲ့ အဓိကအကြောင်းရင်းတွေကတော့ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဖြစ်ပြီး ပဲခူးတိုင်းမှာ ၃၅ ယောက် သေဆုံးခဲ့လို့ အများဆုံး ဖြစ်နေပါတယ်။ 

အောက်တိုဘာ ၁၅ ရက်ကလည်း ပဲခူးတိုင်း အင်းမအခြေစိုက် တပ်မ (၆၆) ကနေ ပေါင်းတည်မြို့နယ်ထဲက ရွာတွေကို ပါရာမိုတာတွေနဲ့ ဗုံးကြဲခဲ့လို့ ခုတ်ကြီးရွာက ကလေး ၂ ယောက်အပါအဝင် ၃ ယောက် သေဆုံးခဲ့ရပါတယ်။ 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013