DVB Logo
Home
မြန်မာသတင်း
ဆက်ဆံရေးရုံးကို ၀င်စီးနင်းမှု ငြိမ်းချမ်းရေး ထိခိုက်နိုင်ဟု ရှမ်းပြည်တပ်မတော်ပြော
DVB
·
May 22, 2014
ဆက်ဆံရေးရုံးကို ၀င်စီးနင်းမှု ငြိမ်းချမ်းရေး ထိခိုက်နိုင်ဟု ရှမ်းပြည်တပ်မတော်ပြော
Donate to DVB

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည် တပ်မတော်တောင်ပိုင်းအဖွဲ့ရဲ့ ဆက်ဆံရေးရုံးကို စရဖ နဲ့ ရဲတပ်ဖွဲ့တွေက ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ ဒီလဆန်းပိုင်းက ၀င်ရောက်စီးနင်း ရှာဖွေတာဟာ ရှမ်းတပ်မတော်နဲ့ အစိုးရကြား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်မှုကို လျော့နည်းသွားစေတယ်လို့ ရှမ်းပြည်တပ်မတော်က ပြောပါတယ်။

Shan Natinal Day22052014မေလ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ ၅၆ နှစ်မြောက် ရှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားမှာ ထုတ်ပြန်ပြောဆိုလိုက်တာပါ။

တကယ်လို့ အပစ်ခတ်ရပ်စဲရေး ပျက်ပြယ်သွားမယ်ဆိုရင် အစိုးရတပ်ဘက်က ဦးစွာ အကြောင်းရှာ လာတာဖြစ်တဲ့အတွက် ရှမ်းပြည်တပ်မတော်ရဲ့ အပြစ်မဟုတ်ကြောင်း၊ ဒါ့အပြင် ရှမ်းပြည်တပ်မတော်ဟာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရေးအတွက် နိုင်ငံရေးပြသနာကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းသွားမှာဖြစ်ပေမယ့်လည်း ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းလို့ မရရင်တော့ မိမိအမြင့်ဆုံး ရည်မှန်းချက်အတွက် ဆက်လက်ပြီး လက်ကိုင်ကိုင်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

ရှမ်းပြည်တပ်မတော် တောင်ပိုင်းဌာနချုပ် လွိုင်တိုင်းလျဲန်းမှာ ကျင်းပခဲ့တဲ့ ရှမ်းပြည် အမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားမှာ စစ်သည်ပေါင်း ၁၀၀၀ ကျော် စစ်ရေးအင်အားပြခဲ့ပါတယ်။

အလားတူ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ဌာနချုပ်ဝမ်ဟိုင်းမှာလည်း ရှမ်းပြည်အမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားကို စစ်အင်အား ၇၀၀ ကျော်နဲ့ ကျင်းပခဲ့ပြီး ရှမ်းပြည်တပ်မတော် တောင်ပိုင်းမြောက်ပိုင်း ခွဲခြားမှုမရှိဘဲ တစုတစည်း တည်းဖြစ်အောင်ကြိုးစားသွားဖို့ သ၀ဏ်လွှာ ပေးပို့ခဲ့ပါတယ်။

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင် တွေကြား ပင်လုံစာချုပ်သဘောတူမှု ရခဲ့ပေမယ့် ၁၀ နှစ်ကျော်ကြာတဲ့အခါ အာဏာရမြန်မာအစိုးရ ဘက်က စာချုပ်ပါအတိုင်း မဆောင်ရွက်တဲ့အတွက် ၁၉၅၈ ခုနှစ် မေလ ၂၁ ရက်နေ့မှာ စ၀်နွဲ့စောယန္တ ဦးဆောင်တဲ့ ရှမ်းမျိုးချစ်လူငယ်တွေ ရှမ်းပြည်လွတ်လပ်ရေးအတွက် စတင် ကြိုးပမ်းပြီး သွေးသစ္စာအတူသောက်ခဲ့တဲ့နေ့ကို အစွဲပြုလို့ ရှမ်းပြည် အမျိုးသားတော်လှန်ရေးနေ့ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013