DVB Logo
Home
မြန်မာသတင်း
လူမှုကူညီရေး ၃ ဖွဲ့ ကချင်စစ်ဘေးဒုက္ခသည်များကို ဇွန်လအတွင်း သွားလှူ မည်
DVB
·
May 21, 2014
လူမှုကူညီရေး ၃ ဖွဲ့ ကချင်စစ်ဘေးဒုက္ခသည်များကို ဇွန်လအတွင်း သွားလှူ မည်
Donate to DVB

လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ရက်၊ ရွှေသံစဉ်ဂီတဖောင်ဒေးရှင်းနဲ့ The Action Times Foundation စတဲ့ အဖွဲ့တွေ ပူးပေါင်းကာ ဂီတနဲ့ အလှူငွေရှာဖွေပြီး ကချင်စစ်ဘေးဒုက္ခသည်တွေကို ဇွန်လအတွင်း သွားရောက်လှူဒါန်းကြမှာဖြစ်ပါတယ်။

Ko Win Mawဇွန်လ ၁ ရက်နေ့ ညနေပိုင်း ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးဝင်းမှာ ဂီတနဲ့ဖျော်ဖြေအလှူခံကာ စတင်ထွက်ခွာမှာ ဖြစ်ပြီး ဇွန် ၂၊ ၃ ရက်တွေမှာတော့ မန္တလေးမြို့မှာ ဖျော်ဖြေအလှူခံမှာ ဖြစ်ပါတယ်။

အဲဒီကနေ ပြင်ဦးလွင်၊ နောင်ချို၊ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်မြို့တွေမှာ ဂီတနဲ့ ဖျော်ဖြေအလှူခံခရီးထွက်ပြီး ကချင်စစ်ဘေးဒုက္ခသည်စခန်းတွေမှာ လှူဒါန်းကြမှာ ဖြစ်ပါတယ်။

The Action Times Foundation အတွင်းရေးမှူးက ဣနြေ္ဒနေနွယ်က မန်ဝိန်းကြီး ဒုက္ခသည်စခန်းနဲ့ မူဆယ်နယ်စပ်တ၀ိုက်မှာ လတ်တလောတိုက်ပွဲတွေကြောင့် ထွက်ပြေးလာသူတွေ နေထိုင်နေတဲ့ ဒုက္ခသည်စခန်းတွေကို ငွေကြေးအဓိက လှူဒါန်းသွားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ရွှေသံစဉ်ဂီတဖောင်ဒေးရှင်းက ဦးဝင်းမော်ကတော့ စစ်ပွဲကြောင့် ထွက်ပြေးဒုက္ခရောက် နေတဲ့ စစ်ဘေးဒုက္ခသည်တွေကို အနုပညာနဲ့ ကူညီတာလို့ ပြောပါတယ်။

မြန်မာတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေအကြား ၂၀၁၁ ခုနှစ်ဇွန်လ ၉ ရက်နေ့က စတင်ကာ စစ်ပွဲများဖြစ်ပွားနေပြီး အခုအချိန်အထိ မကြာခဏ ဆက်လက်ဖြစ်ပွားနေ ပါတယ်။

စစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် သိန်းချီရှိပြီး လက်ရှိ မိုးတွင်းကာလ ၀င်ရောက်လာတာကြောင့် နေထိုင်ဖို့နဲ့ အစားအစာ၊ အ၀တ်အထည်၊ ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည် အကူအညီပေးသူတွေက ပြောကြားပါတယ်။
အသံဖိုင် နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013