DVB Logo
Home
မြန်မာသတင်း
တောင်ဒဂုံစက်မှုဇုန်အနီး ဗုံးပေါက်
DVB
·
December 22, 2022
တောင်ဒဂုံစက်မှုဇုန်အနီး ဗုံးပေါက်
Donate to DVB

ရန်ကုန်တိုင်း၊ တောင်ဒဂုံစက်မှုဇုန်အနီးမှာ ဒီဇင်ဘာ ၂၁ ရက် ည ၉ နာရီက စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေ လုံခြုံရေးစောင့်နေတဲ့ ကင်းတဲနေရာ ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ် ၂၂ ရက်ကွက်၊ ရတနာပုံ ၄ လမ်းနဲ့ စက်မှုဇုန်လမ်းထောင့်မှာရှိတဲ့ အုပ်ချုပ်ရေးမှူးအဖွဲ့တွေ ကင်းစောင့်နေတဲ့နေရာ ဗုံးခွဲတိုက်ခိုက်ခံရတာလို့  ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ပေါက်တဲ့အချိန် ညမထွက်ရအချိန်ဆိုတော့ ဒဏ်ရာရတဲ့အခြေအနေကို မသိဘူး။ ညကတော့ ရတနာပုံ ၄ လမ်းမှာ စစ်သားတွေ ခြေရှုပ်နေတယ်၊ ဓာတ်မီးတွေနဲ့လိုက်ထိုးကြည့်တာ။”

အဆိုပါ တိုက်ခိုက်မှုကို  Mother Son Yangon Force အဖွဲ့က တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ရန်ကုန်က မြို့နယ်တချို့မှာ ဒီဇင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၂၁ ရက်အထိ ပစ်ခတ်မှုနဲ့ ပေါက်ကွဲမှုကြောင့် လူ ၆ ဦးသေဆုံးပြီး ၂၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013