သီလ၀ါဇုန်တွင် ကနဦးအဆင့် ကုမ္ပဏီ အနည်းဆုံး ၄၅ ခု ရင်းနှီးမြှုပ်နှံမည်
DVB
·
May 21, 2014

ရန်ကုန် သီလ၀ါ အထူးစီးပွားရေးဇုံ ကနဦးအဆင့်မှာ အမေရိကန် အပါအ၀င် နိုင်ငံပေါင်း ၁၁ နိုင်ငံက ကုမ္ပဏီ အနည်းဆုံး ၄၅ ခု ရင်းနှီးမြှုပ်နှံဖို့ ရှိတယ်လို့ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောပါတယ်။
[caption id="attachment_47770" align="alignright" width="300"]
သီလ၀ါ အထူးစီးပွားရေးဇုန်[/caption]
မေလ ၂၀ ရက်နေ့ သီလ၀ါ အထူးစီးပွားရေးဇုန် ဒုသမ္မတ ဦးဥာဏ်ထွန်း လာရောက်တဲ့ ခရီးစဉ်အတွင်း သတင်းထောက်တွေကို သူက ခုလို ပြောလိုက်တာပါ။
ကနဦး ရင်းနှီးမြှုပ်နှံမယ့် အထဲမှာ ကားတပ်ဆင်စက်ရုံ၊ ကားအပိုပစ္စည်း စက်ရုံ၊ အထည်ချုပ် စက်ရုံ၊ အီလက်ထရွန်းနစ်ပစ္စည်း စက်ရုံ နဲ့ အစားအသောက် စက်ရုံတွေ ပါဝင်တယ်လို့ သူက ရှင်းပြပါတယ်။
အဆိုပြုထားတဲ့ ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေဟာ အခုမိုးရာသီ အကုန်မှာ စက်ရုံတွေ စ ဆောက်တော့မှာဖြစ်ပြီး ၂၀၁၅ မှာ စပြီးလည်ပတ်နိုင်လိမ့်မယ်လို့ ဦးဆက်အောင်က ပြောပါတယ်။










