DVB Logo
Home
Lead Story
အစိုးရအဖွဲ့ လစာ ၄ ပုံ ၁ ပုံ လှူကြမည်
DVB
·
May 21, 2014
အစိုးရအဖွဲ့ လစာ  ၄ ပုံ ၁ ပုံ လှူကြမည်
Donate to DVB

သမ္မတ၊ ဒုသမ္မတ နဲ့ ၀န်ကြီး ဒုဝန်ကြီး အပါအ၀င် အစိုးရ ကက်ဘိနက် လူကြီးတွေဟာ မိမိတို့ လစာရဲ့ လေးပုံတစ်ပုံကို မြန်မာနိုင်ငံ ဆင်းရဲမွဲတေမှု လျော့ချရေး ရန်ပုံငွေထဲ ထည့်ဝင် လှူဒါန်းသွားဖို့ ရှိတယ်လို့ သမ္မတ ပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

[caption id="attachment_28012" align="alignright" width="300"]ဦးသိန်းစိန် ဦးသိန်းစိန်[/caption]

သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ ဆန္ဒသဘောထားကို ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပြီး ၀န်ကြီး ဒုဝန်ကြီးတွေကလည်း ဆွေးနွေးညှိနှိုင်းပြီးမှ ကိုယ့်သဘောနဲ့ကိုယ် လိုက်ပါထည့်ဝင် အကောင်အထည်ဖော်တာလို့ သူက ဆိုပါတယ်။

လက်ရှိ အလှူငွေ ပေးသွင်းရမယ့် ဘဏ်အကောင့်နံပါတ်လည်း ရှိနေပြီလို့ ဦးရဲထွဋ်က

ရှင်းပြပါတယ်။

လက်ရှိ သမ္မတ၊ ဒုသမ္မတ၊ ၀န်ကြီး၊ ဒုဝန်ကြီး စုစုပေါင်း အယောက် ၉၀ ၀န်းကျင်ရဲ့ ၁ လ လစာ ကျပ် သိန်း ၂၄၀၀ ၀န်းကျင်ရှိနေပြီး ဆင်းရဲမွဲတေမှု လျော့ချရေး ရန်ပုံငွေအတွက် ၁ လ ကျပ် သိန်း ၆၀၀ ၀န်းကျင် ၁ နှစ် ကျပ် သိန်း ၇၀၀၀ ကျော် ရရှိနိုင်မှာ ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013