DVB Logo
Home
မြန်မာသတင်း
မန္တလေး တံတားဦးမြို့အနီး မြေငလျင်ထပ်မံလှုပ်ခတ်
DVB
·
December 19, 2022
မန္တလေး တံတားဦးမြို့အနီး မြေငလျင်ထပ်မံလှုပ်ခတ်
Donate to DVB

မန္တလေး၊ တံတားဦးမြို့အနီး အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့  မြေငလျင်တခု ဒီဇင်ဘာ ၁၉  ရက်မနက်က ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ မိုးဇလဌာနက သတင်းထုတ်ပါတယ်။

ဒီနေ့မနက် ၆ နာရီ၊ ၃၄ မိနစ်၊  ၁၉ စက္ကန့်မှာ မန္တလေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် ၁၇ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း တံတားဦးမြို့ရဲ့ အရှေ့-အရှေ့တောင်ဘက်  ၆ မိုင်ခန့်အကွာ အနက် ၁၂ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်လှုပ်ခတ်သွားတာလို့ဆိုပါတယ်။

တံတားဦးမြို့အနီးမှာ ဒီဇင်ဘာလ ၁၅ ရက် မနက်အစောပိုင်းကလည်း ရစ်ချ်တာစကေး ၅ ဒသမ ၂ ရှိ  အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တခုလှုပ်ခတ်ခဲ့သလို ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းကလည်း မန္တလေးမြို့မှာ နောက်ဆက်တွဲ ငလျင်ကြောင့် စေတီပုထိုးတော်တွေရဲ့ စိန်ဖူးတော်အများအပြား မြေခခဲ့ရကာ ဘုန်းကြီးကျောင်းတွေနဲ့ လူနေအိမ်တွေ ပျက်စီးခဲ့ပါတယ်။

ဒီဇင်ဘာ ၁၇ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ရဲ့ အနောက်ဘက် မိုင် ၂၀ လောက် အကွာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၄ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013