DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးအတွက် “Buddy ချီတက်၊ စစ်တပ်ပျက်” ရန်ပုံငွေကမ်ပိန်းမှ ကျပ်သိန်း ၁၁၀၀ ကျော် စံချိန်တင် ရရှိ
DVB
·
December 19, 2022
တော်လှန်ရေးအတွက် “Buddy ချီတက်၊ စစ်တပ်ပျက်” ရန်ပုံငွေကမ်ပိန်းမှ ကျပ်သိန်း ၁၁၀၀ ကျော် စံချိန်တင် ရရှိ
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ ပါဝင်နေကြတဲ့ ကရင်နီပြည်နယ် တော်လှန်ရေး အင်အားစုတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနအတွက် “Buddy ချီတက်၊ စစ်တပ်ပျက်” ရန်ပုံငွေကမ်ပိန်းကနေ ကျပ်သိန်း ၁၁၀၀ ကျော် စံချိန်တင် ရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီကမ်ပိန်းကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်ကနေ ဒီဇင်ဘာ ၁၆ ရက်အထိ သီတင်း ၃ ပတ်ကြာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

“တော်လှန်ရေးအတွက် ရံပုံငွေရှာဖွေတဲ့ ကမ်ပိန်းတွေ၊ ပရောဂျက်တွေ ဘာပွဲပဲလုပ်လုပ် ယုံကြည် စိတ်ချ၊ တက်ကြွစွာပါဝင်ပေးကြတဲ့အတွက် တော်လှန်ပြည်သူတွေရဲ့ အားဟာ ဒီတော်လှန်ရေး ကြီးရဲ့ အခရာ၊ ပင်မဒေါက်တိုင်ဆိုတာ အောင်ပွဲတွေဆက်နေတဲ့ ပရောဂျက်နဲ့ ကမ်ပိန်းတွေက သက် သေပါပဲ။ မူလက ဘက်ဒီလည်ပတ်ကို လေလံဆွဲရင် သိန်း (၃၀၀) လောက်ရနိုင်တာဖြစ်လို့ ကံစမ်းမဲကို (သိန်း ၅၀၀ ~ ၇၀၀) ကြားမျှော်မှန်းခဲ့ပါတယ်။ ဒါပေမယ့် တော်လှန်ပြည်သူတွေရဲ့ ထောက်ပံ့ပေးမှူတွေကြောင့် “Buddy to Win Campaign” လေးဟာလဲ မှန်းထားတဲ့ရာခိုင်နှုန်း ထက် (၁၅၇%) ကျော်ဖြင့် လျာထားချက်ထက် များစွာကျော်လွန်အောင်မြင်ခဲ့ပြန်ပါပြီ။ တာဝန် ကျေသော၊ အားကိုးရတဲ့ တော်လှန်ပြည်သူတွေနဲ့အတူ တော်လှန်ဝန်ကို ဆထက်ထမ်းပိုးပြီး စွမ်းနိုင်တာထက်ပိုကြိုးစားထမ်းဆောင်သွားပါ့မယ်လို့ ဆန္ဒကတိပြုပါရစေ။”

ခွေးကလေး Buddy ကိုတော့ ပြီးခဲ့တဲ့ လပိုင်းတွေတုန်းက ကရင်နီပြည်နယ်မှာ သေဆုံးသွားခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ဒုဗိုလ်မှူးကြီး ရာထူးအဆောင်အယောင် အပွင့်တွေကို လည်ပတ်မှာ ဆင်ပေးထားတဲ့ ဓာတ်ပုံတွေကတဆင့် အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေ ပေါ်မှာ ရေပန်းစားလာခဲ့တာပါ။

သူပတ်ထားခဲ့တဲ့ အဆောင်အယောင်တွေရဲ့ ပိုင်ရှင် ဒုဗိုလ်မှူးကြီးကတော့ ဖရူဆို-ဘောလခဲ လမ်းပိုင်း ယာဉ်တန်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ကံစမ်းမဲစနစ်နဲ့ ရောင်းချပေးခဲ့တဲ့ ဒီကမ်ပိန်းမှာတော့ ကံစမ်းမဲလက်မှတ်တစောင်ကို မြန်မာငွေကျပ် ၅ သောင်းနဲ့ ရောင်းချပေးခဲ့ရာမှာ လက်မှတ်စောင်ရေ ၁,၉၅၀ နဲ့ ငွေပမာဏအားဖြင့် သိန်း ၁,၁၀၀ ကျော် ရောင်းချပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ရရှိငွေတွေကို ကမ်ပိန်းအစမှာ ကြေညာထားခဲ့တဲ့အတိုင်း ကရင်နီဒေသက ဘက်ဒီရဲ့ ဒုဗိုလ်မှူးကြီး လည်ပတ်ရရှိအောင်စွမ်းဆောင်ခဲ့ကြတဲ့တပ်ရင်းတွေကို ၇၀ ရာခိုင်နှုန်းနဲ့ NUG အစိုးရ ကာကွယ် ရေး ဝန်ကြီးဌာနကို ၃၀ ရာခိုင်နှုန်း ပို့ဆောင်ပေးသွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် နောက်တခုကတော့ တော်လှန်ရေးကာလ ပြီးမြောက်တဲ့အခါ NUG အစိုးရအနေနဲ့ “နွေဦးတော်လှန်ရေးပြတိုက်” ဖွင့်လှစ်သွားဖို့ရှိတာကြောင့် အဆိုပါပြတိုက်မှာ နွေဦးတော်လှန်ရေး အမှတ်တရအဖြစ် ဒါကို ပြသလှူဒါန်းချင်ရင်လည်း ကံထူးသူ အလှူရှင်နာမည်နဲ့ ပြသနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013