DVB Logo
Home
မြန်မာသတင်း
မြန်မာကျောင်းသားများကို ဒေါ်လာ သန်း ၁၀၀ ကူညီမည်
DVB
·
May 21, 2014
မြန်မာကျောင်းသားများကို ဒေါ်လာ သန်း ၁၀၀ ကူညီမည်
Donate to DVB

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံမှာရှိတဲ့ ကျောင်းသားတွေအတွက် ဒေါ်လာ သန်း ၁၀၀ ပညာရေး ထောက်ပံ့ကူညီမှု ပေးမယ့် စီမံကိန်းကို ကြေညာလိုက်ပါတယ်။

ဒီစီမံကိန်းကို ကမ္ဘာ့ဘဏ် အမှုဆောင် ညွှန်ကြားရေးမှူး ဘုတ်အဖွဲ့က မေ ၂၀ ရက်နေ့မှာ အတည်ပြုလိုက်တာဖြစ်ပြီး ဒီစီမံကိန်းက ပညာရေးဝန်ကြီးဌာနကို တိုက်ရိုက်ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။

 

schoolဒီစီမံကိန်းကနေ မြန်မာကျောင်းသား ၈ ဒဿ မ ၂ သန်းဟာ အကျိုးခံစားရမှာ ဖြစ်သလို ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသား ၁ သိန်းကျော်ဟာလည်း ကျောင်းတက်ဖို့အတွက် ထောက်ပံ့ကြေးတွေ ပေးသွားမယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။

နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ဒေါ်လာ သန်း ၈၀ နဲ့ သြစတြေးလျ အစိုးရက ဒေါ်လာ သန်း ၂၀ ထောက်ပံ့ပေးမှာဖြစ်ပြီး ဒီငွေတွေဟာ အစိုးရကျောင်းတွေရဲ့ ထောက်ပံ့ရေး အစီအစဉ်နဲ့ ကျောင်းသားထောက်ပံ့ကြေး အစီအစဉ်တွေကို တိုးတက် ချဲ့ထွင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပညာရေး ၀န်ကြီးဌာန လက်အောက် နိုင်ငံတ၀န်း ကျောင်းတွေက ထောက်ပံ့ကြေး အစီအစဉ်ကို တိုးချဲ့သွားမှာဖြစ်သလို မြို့နယ် ၄၀ က ကျောင်းသားတွေကို အဓိကထား ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာဘဏ် မန်နေဂျာ ကန်သန်ရှန်ခါက ဝေးလံခေါင်ဖျားတဲ့ ဒေသက ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကို အရည်အသွေးပြည့်မီတဲ့ ပညာရေး အကျိုးခံစားရရှိစေဖို့ အာရုံစိုက် လုပ်ဆောင်တာဟာ ဆင်းရဲမွဲတေမှုလျော့ချဖို့နဲ့ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ဖို့ အတွက် လိုအပ်တယ်လို့ ကြေညာချက်မှာ ပြောပါတယ်။

မြန်မာ အစိုးရဟာ လွန်ခဲ့တဲ့ နှစ်ပိုင်းတွေက စပြီး ပညာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု ပိုမိုလုပ်ဆောင်လာတာကို အားပေးတယ်လို့ သူက ပြောပါတယ်။

အစီအစဉ်ဟာ အရေးပါတဲ့ မြန်မာပညာရေးကဏ္ဍ ရေရှည် ပန်းတိုင်အတွက် အထောက်အပံ့ ဖြစ်စေမယ်လို့ ကြေညာချက်က ရေးပါတယ်။

ဒီလို ထောက်ပံ့ကူညီခြင်းအားဖြင့် ပညာရေး ၀န်ကြီးဌာနရဲ့ အရည်အသွေးပိုင်းဆိုင်ရာ ပိုမို မြင့်တက်လာစေမှာ ဖြစ်သလို နိုင်ငံသားအားလုံးအတွက် အဆင့်မီ ပညာရေးကို ပေးအပ်နိုင်ပြီး ကျောင်းသားတွေကိုလည်း ကျောင်းပြီးတဲ့အထိ တက်ရောက်အောင် ကူညီနိုင်မယ်လို့ ထုတ်ပြန်ချက်က ရေးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013