DVB Logo
Home
မြန်မာသတင်း
စီးပွားရေးပိတ်ဆို့မှု အမေရိကန်-မြန်မာ စီးပွားရေးဆက်ဆံမှုအပေါ် ထိခိုက်မှုမရှိနိုင်
DVB
·
May 21, 2014
စီးပွားရေးပိတ်ဆို့မှု အမေရိကန်-မြန်မာ စီးပွားရေးဆက်ဆံမှုအပေါ် ထိခိုက်မှုမရှိနိုင်
Donate to DVB

အမေရိကန်အစိုးရက မြန်မာအပေါ် စီးပွားရေးအရ ပိတ်ဆို့ထားတာကို နောက်ထပ်သက်တမ်း ၁ နှစ်ထပ်တိုးလိုက်တယ်ဆိုပေမယ့်လည်း မြန်မာ-အမေရိကန် စီးပွားရေးဆက်ဆံမှုအပေါ် ထိခိုက်မှု မရှိနိုင်တဲ့အကြောင်း ကုန်သည်အသင်းချုပ်ရုံး(UMFCCI) က ဒုတိယဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။

အမေရိကန်သမ္မတ အိုဘားမားက အမေရိကန်ကုမ္ပဏီတွေ မြန်မာစစ်တပ်နဲ့တွဲပြီး စီးပွားရေးအရ ရင်းနှီးမြှုပ်နှံတဲ့အပေါ် ပိတ်ပင်ထားရှိတဲ့ အရေးယူဒဏ်ခတ်မှုကို နောက်ထပ် ၁ နှစ်သက်တမ်း ထပ်တိုးဖို့အတွက် အမိန့်ထုတ်ပြန်လိုက်တာပါ။

usa_myanmar_flag_400ဒါကြောင့် အမေရိကန်အစိုးရက သက်တမ်းတိုးလိုက်တဲ့အပေါ် မြန်မာ-အမေရိကန် စီးပွားရေး ဆက်ဆံမှုအခြေအနေနဲ့ပတ်သက်လို့ UMFCCI ဒု-ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ဒီဗွီဘီကို အခုလိုပြောပါတယ်။

“အထူးအထွေတော့ သက်ရောက်မှု မရှိပါဘူး။ ဒီဥစ္စာက အရင်ဟာကို သက်တမ်းတိုးလိုက်တဲ့ ဟာပါ။ အန်ကယ်တို့က ဟိုးအောက်အထိရောက်ပြီးနေပြီပဲ။ အခု ရှေ့ဆက်တက်ဖို့ပဲ လိုပါတယ်။ သိနေတဲ့ ကုမ္ပဏီတွေ၊ သိနေတဲ့ လုပ်ငန်းရှင်တွေက ဘာမှပြဿ နာ မရှိပါဘူး။ မသိသေးတဲ့ လူတွေကသာ ဇဝေဇ၀ါ ဖြစ်တာပါ။ အခုက အမေရိကန်စီးပွားရေးသမားတွေလည်း လာနေပြီလေ။ ရှေ့ဆက်တိုးတက်ဖို့ပဲ ရှိပါတယ်။ သိပ်ပြီး အနှောင့်အယှက်တော့ မရှိပါဘူး။”

ဒီ့ပြင် လာမယ့် စက်တင်ဘာလမှာလည်း အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို အမေရိကန်ကုမ္ပဏီတွေနဲ့ UMFCCI ပူးပေါင်းပြီး လုပ်ဆောင်သွားဖို့ ရှိတဲ့အပြင် အခြားပူးပေါင်းဆောင်ရွက်မှုတွေလည်းရှိလို့ မြန်မာ-အမေရိကန်စီးပွားရေး ဆက်ဆံမှုကို နှောင့်နှေးမှု မရှိနိုင်ဘူးလို့ ဒေါက်တာမောင်မောင်လေးက ဆက်လက်ပြောပါတယ်။

အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့မှုကို သက်တမ်းထပ်တိုးလိုက်တဲ့အတွက် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး GSP ကို မြန်မာရရှိဖို့ အလှမ်းဝေးသွားနိုင်တယ်လို့ ယူဆကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ဒီဗွီဘီကို ပြောပါတယ်။

“သက်တမ်းတိုးလိုက်ခြင်းအားဖြင့် GSP လို အခွင့်အရေးမျိုးကို ပေးချင်မှ ပေးတော့မယ်ဆိုတဲ့ သဘော သက်ရောက်သွားတာပေါ့။ အဲဒါဆိုရင် ကျနော်တို့အတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေး တခုက နစ်နာနေတယ်။ ဒါက ရေထွက်ပစ္စည်းများ အမေရိကန်ပြည်ထောင်စုနဲ့ ကုန်သွယ်မှုမှာ အဟန့်အတားဖြစ်မယ့် ကိစ္စလို့ ကျနော်မြင်တယ်။ တခုက မြန်မာ့ဘဏ်တွေထဲကို အမေရိကန် ဘဏ်တွေက တိုက်ရိုက်ငွေလွှဲခွင့် မရသေးတာပေါ့။ အဲဒါလည်း သက်တမ်းတိုးတဲ့အတွက်ကြောင့် ထပ်ပြီးတော့ ရချင်မှ ရတော့မယ်။ သက်တမ်းထပ်တိုးတဲ့အထဲမှာ ဒါတွေ ပါသွားနိုင်တယ်ပေါ့။”

အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ၂၀၀၃ ခုနှစ်မှာ တကြိမ်၊၂၀၀၇ ခုနှစ်မှာ တကြိမ်၊ ၂၀၀၈ ခုနှစ်မှာ တကြိမ်၊ ၂၀၁၃ ခုနှစ်မှာ တကြိမ် သက်တမ်းတိုးခဲ့ပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013