DVB Logo
Home
မြန်မာသတင်း
ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရန် အခြေခံဥပဒေပြင်ဆင်ရေးကော်မတီက လွှတ်တော်တင်မည်
DVB
·
May 20, 2014
ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရန် အခြေခံဥပဒေပြင်ဆင်ရေးကော်မတီက လွှတ်တော်တင်မည်
Donate to DVB

အခြေခံဥပဒေပြင်ဆင်ရေးအတွက် အဓိက အခက်အခဲဖြစ်တဲ့ ပုဒ်မ ၄၃၆ အပါအ၀င် အခြေခံ ဥပဒေ အခန်း ၁၂ က ပုဒ်မတချို့ကို ပြင်ဆင်နိုင်ဖို့ အခြေခံဥပဒေပြင်ဆင်နိုင်ရေး ကော်မတီက ဆုံးဖြတ်ခဲ့ပြီး လွှတ်တော်ကိုတင်ပြမယ်လို့ ကော်မတီဝင် တဦးကပြောပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအမတ်လည်းဖြစ် ကော်မတီဝင်လည်းဖြစ်တဲ့ ဦးတင်မောင်ဦးက “တွန်းအားပေးတဲ့အချက်ကတော့ ပြည်သူလူထုတွေရဲ့ အကြံပြုစာ ဖြစ်ပါတယ်။ အဲဒါတွေကို လေ့လာသုံးသပ်ပြီးတော့ လုပ်ခြင်းဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက တနိုင်ငံလုံးအတွက် အသက်ပဲလေ။ အဲဒီတော့ ပြင်ဆင်ဖို့လည်း လိုအပ်တဲ့ အချိန်၊ တချို့ဟာတွေတော့ ပြင်ဖို့လည်း လိုတာပေါ့။ ပြည်သူက အခန်း ၁၂၊ ၄၃၆ ကို စောင့်နေတဲ့ အတွက်ကြောင့်  ဦးတို့က ဒါကို အရင်ကိုင်ပါတယ်။ ဒါကို မကိုင်ရင်လည်း ဖွဲ့စည်းပုံကို ပြင်လို့ မရပါဘူး” လို့ ပြောပါတယ်။

Staff-sell-copies-of-Myanmars-constitution-at-the-Lower-House-of-Parliament-in-Naypyitaw-July-9-2012.-300x192ဒီလို ပြင်ဆင်နိုင်ဖို့အတွက်လည်း အလားအလာ အများကြီး ကောင်းပါတယ်လို့ ဦးတင်မောင်ဦးက ပြောပါတယ်။

အဲဒီကော်မတီမှာ ပြည်ခိုင်ဖြိုး ၁၄ ဦး၊ တပ်မတော်သား ၇ ဦး၊ အန်အယ်လ်ဒီ ၂ ဦးနဲ့ ချင်းတိုးတက်ရေး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစု၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အစရှိတဲ့ပါတီတွေက ၁ ဦးစီအပါအဝင် စုစုပေါင်း ၃၁ ဦး တို့နဲ့ ဖွဲ့စည်းထားတာပါ။

အမည်မဖော်လိုတဲ့ ကော်မတီဝင် နောက်တဦးကလည်း  အခြေခံဥပဒေပြင်ဆင်နိုင်ရေး ကော်မတီက နိုင်ငံတော်ရဲ့ အခြေခံမူ အခန်း(၁)ပါ ပြည်ထောင်စု လို့ သုံးနှုန်းထားတာကို  ဖက်ဒရယ်ပြည်ထောင်စု အဖြစ် ပြောင်းလဲသုံးနှုန်း ဖို့အတွက်လည်း ဆွေးနွေးဆုံးဖြတ်ဖြစ်တယ်လို့ ကော်မတီဝင်တဦးက ပြောပါတယ်။

ဒီနေ့ ကော်မတီရဲ့ ၉ ကြိမ်မြောက် အစည်းမှာတော့   အခန်း ၁ နိုင်ငံတော် အခြေခံမူများ ကစပြီး ဆွေးနွေးနေပါပြီလို့ ပြောပါတယ်။

ကော်မတီအနေနဲ့ ပြင်ဆင်ဖို့လိုအပ်တဲ့ ဥပဒေတွေကို ပြည်ထောင်စု လွှတ်တော်ကို အဆိုတင်သွင်းတဲ့အခါမှာ  ဥပဒေကြမ်းအဖြစ် တင်သွင်းရမှာဖြစ်တယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၁၂ မှာ ပြဋ္ဌာန်းထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြခံဥပဒေမှာပါတဲ့ ပုဒ်မ ၄၃၆ အရ ဖွဲ့စည်းပုံအခြေဥပဒေကို ပြင်ဆင်တဲ့အခါ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က သဘောတူလက်ခံရမယ်လို့ ပါရှိတဲ့အတွက် ဖွဲ့စည်းပုံပြင်ဆင်ဖို့ ခက်ခဲနေတာဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013