DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံး အပစ်ရပ်ဆွေးနွေးမည့် နှစ်ဖက်ခေါင်းဆောင်များ ရန်ကုန်ရောက်
DVB
·
May 20, 2014
တနိုင်ငံလုံး အပစ်ရပ်ဆွေးနွေးမည့် နှစ်ဖက်ခေါင်းဆောင်များ ရန်ကုန်ရောက်
1 / 4
Donate to DVB

တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးရရှိရေးနဲ့ပတ်သက်ပြီး နှစ်ဖက်ဆွေးမယ့်သူတွေ ရန်ကုန်မြို့မှာ ရောက်ရှိနေပြီဖြစ်ပါတယ်။

[caption id="attachment_56929" align="alignright" width="300"]10294384_10152473951363594_2849603947753236675_n ပဒိုကွယ်ထူးဝင်း (ဓာတ်ပုံ - ညိုအုန်းမြင့်)[/caption]

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ရရှိရေးနဲ့ပတ်သက်ပြီး မေလ ၂၁ နဲ့ ၂၂ တို့မှာ ပြည်ထောင်စုငြိမ်း ချမ်းရေးဖော် ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ဖွဲစည်း ထားတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့ ဆွေနွေးမှာဖြစ်ပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာမှာ မနက် ၉ နာရီလောက် ဆွေးနွေးပွဲ စတင်မှာဖြစ်ပြီး အန်စီစီတီ ခေါင်းဆောင် ပဒိုကွယ်ထူးဝင်းအပါအ၀င် တိုင်းရင်းသားတွေဘက်က ကိုယ်စားလှယ် ၈ ဦးနဲ့ အစိုးရဘက်ကတော့ ပြည်ထောင်စုဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တပ်မတော်က ကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးကြမယ်လို့ မြန်မာငြိမ်းချမ်း ရေးစင်တာက တာဝန်ရှိသူ ဦးလှမောင်ရွှေက ပြောပါတယ်။

984086_10152473951228594_5609341945373533018_n“အစိုးရဘက်ကတော့ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်မှာပါ။ ကျနော်တို့ကိုရှင်းပြထားတာကတော့ အစိုးရဘက်က ၃ ယောက်၊ လွှတ်တော်က ၃ ယောက်နဲ့ တပ်မတော်က ၃ ယောက်လို့ ပြောပါတယ်။ လူစာရင်းအတိအကျတော့ ကျနော့်မှာမရှိသေးပါဘူး။”

ဒီဆွေးနွေးပွဲကနေ နှစ်ဖက် ဆွေးနွေးရမယ့်အချက် ၈၀ ရာခိုင်နှုန်းပြီးနိုင်မယ်လို့ မျှော်လင့်ကြောင်း ဦးလှမောင်ရွှေက ဒီဗွီဘီကို ပြောပါတယ်။

10269386_10152473951033594_7070854905369744059_nမတ်လဆန်းပိုင်း ဆွေးနွေးပွဲမှာတုန်းက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက် ပထမမူကြမ်းတစောင် ရရှိခဲ့ပါတယ်။

တိုင်းရင်းသားတွေဘက်က ကာကွယ်ရေးဦးစီးချုပ်ရဲ့ ရပ်တည်ချက်တွေ ဖြစ်တဲ့ နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ တည်ဆဲအမိန့်တွေကို တိတိကျကျလိုက်နာဖို့ဆိုတဲ့အချက်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက်လှမ်းမှု လိုက်နာဖို့ အချက်တွေကို လိုက်နာနိုင်ခြင်းမရှိဘူးလို့ ထုတ်ပြောဆိုထားတာကြောင့် ဒီတကြိမ်ဆွေးနွေးပွဲမှာ ညှိနှိုင်းကြဖွယ်ရှိပါတယ်။

တိုင်းရင်းသားတွေဘက်က အဓိကတောင်းဆိုတဲ့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ဖက်ဒရယ်တပ်မတော် ထူထောင်ရေးကိစ္စတွေကိုလည်း ညှိနှိုင်းဆွေးနွေးကြရဦးမှာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမတိုင်ခင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေဟာ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ဌာနချုပ်ရှိရာ လိုင်ဇာမှာ ဆွေးနွေးပွဲ ကျင်းပခဲ့ကြ ပြီး သတင်းထုတ်ပြန်ခြင်းတော့ မရှိပါဘူး။

နိုင်ငံသမ္မတ ဦးသိန်းစိန်က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးတဲ့အခါ နိုင်ငံရေးဆွေးနွေးပွဲကို ဆက်လက်ဆောင်ရွက်မယ်လို့ တိုင်းပြည်ကို ပြောထားသလို တပ်မတော် ဘက်ကလည်း တပြည်လုံးအပစ်အခတ်ရပ်စဲရေးကို လာမယ့်သြဂုတ်လမတိုင်ခင် လက်မှတ်ရေး ထိုးလိုကြောင်း အဆိုပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013