DVB Logo
Home
Lead Story
မှောင်ခိုပစ္စည်း ကျပ်ငွေ ၁၂ ဘီလီယံကျော်ဖိုး ဖမ်းဆီးရမိ
DVB
·
May 20, 2014
မှောင်ခိုပစ္စည်း ကျပ်ငွေ ၁၂ ဘီလီယံကျော်ဖိုး ဖမ်းဆီးရမိ
Donate to DVB

စီးပွား- ကူးသန်း ၀န်ကြီးဌာနက ဖွဲ့စည်းထားတဲ့ မှောင်ခိုပစ္စည်းဖမ်းဆီးရေး Mobile Team အဖွဲ့ဟာ ၂ နှစ်အတွင်း အမှုပေါင်း ၂၅၀၀ ကျော်ကနေ ကုန်ပစ္စည်းတန်ဖိုး ကျပ်ငွေ ၁၂ ဘီလီယံကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

mobile team copyMobile Team အဖွဲ့တွေဟာ တရုတ်နယ်စပ် - မူဆယ် နဲ့ မန္တလေးလမ်းကြောင်းမှာ မှောင်ခို ဖမ်းဆီးရမိမှု အများဆုံးဖြစ်ပြီး စုစုပေါင်း အမှု ၁၅၀၀ ကျော်တယ်လို့ ဆိုပါတယ်။

မြ၀တီ-ရန်ကုန်လမ်းမှာတော့ ဒုတိယ အများဆုံးဖြစ်ပြီး အမှုပေါင်း ၈၅၀ ကျော်တယ်လို့ ဖော်ပြထားပါတယ်။

Mobile Team အဖွဲ့တွေအနေနဲ့ ရန်ကုန်က လေဆိပ်၊ ရေဆိပ်၊ ပင်လယ်ကူးသင်္ဘော ၀င်ထွက်တဲ့ နေရာတွေအထိ မှောင်ခို ကုန်ပစ္စည်း လိုက်လံ ဖမ်းဆီးမယ်လို့ ကြေညာထားပေမယ့် ဌာနဆိုင်ရာတွေရဲ့ ပူးပေါင်းဆောင်ရွက်မ မရလို့ ဒီနေ့အချိန်ထိ အကောင်အထည် မဖော်နိုင်သေးပါဘူး။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013