DVB Logo
Home
Lead Story
ရခိုင်ပြည်နယ် စီးပွားရေးကျတာ ပဋိပက္ခကြောင့်ဟု ဒုသမ္မတပြော
DVB
·
May 20, 2014
ရခိုင်ပြည်နယ် စီးပွားရေးကျတာ ပဋိပက္ခကြောင့်ဟု ဒုသမ္မတပြော
Donate to DVB

ရခိုင်ပြည်နယ်မှာ စီးပွားရေး ကျဆင်းနေရတဲ့ အဓိက အကြောင်းအရင်းဟာ လက်ရှိဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုနဲ့ ပဋိပက္ခတွေကြောင့် ဖြစ်တယ်လို့ ဒုသမ္မတ စိုင်းမောက်ခမ်းက ပြောပါတယ်။

[caption id="attachment_32779" align="alignright" width="300"]ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် အကြမ်းဖက်မှု ဖြစ်ပွားစဉ်က ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် အကြမ်းဖက်မှု ဖြစ်ပွားစဉ်က[/caption]

မေလ ၁၈ ရက်နေ့က စစ်တွေမှာလုပ်တဲ့ ဒေသခံပြည် သူတွေနဲ့ တွေ့ဆုံပွဲမှာ ဒုသမ္မတ က ခုလို ပြောလိုက်တာပါ။

လက်ရှိ ရခိုင်ပြည်နယ်မှာ စီးပွားရေး ကျဆင်းပြီး တနှစ်ပြီး တနှစ် ဂျီဒီပီ ကျဆင်းလာတဲ့အကြောင်း၊ ဒေသတွင်း မတည်ငြိမ်မှု ဖြစ်နေတဲ့ ပြဿ     နာကို မဖြေရှင်းနိုင်သရွေ့ စီးပွားရေး ကျဆင်းနေဦးမှာ ဖြစ်တဲ့ အကြောင်း၊ ဒေသတည်ငြိမ်မှုရှိလာမှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမယ်လို့ စိုင်းမောက်ခမ်းက ပြောပါတယ်။

အရင်က ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ပြည်နယ်နဲ့ နေပြည်တော်ကောင်စီ စုစုပေါင်း ၁၅ ခုအနက် ဒုတိယ ဖွံ့ဖြိုးမှုအနိမ့်ဆုံး ပြည်နယ်အဆင့်ကနေ ပြီးခဲ့တဲ့နှစ်က ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ပြည်နယ်အဆင့် ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013