DVB Logo
Home
Lead Story
စက်မှုဇုန်အတွက် လယ်သိမ်းခံရသူများကို ကျပ် သိန်း ၉၀၀ နီးပါး နစ်နာကြေးပေး
DVB
·
May 20, 2014
စက်မှုဇုန်အတွက် လယ်သိမ်းခံရသူများကို ကျပ် သိန်း ၉၀၀ နီးပါး နစ်နာကြေးပေး
Donate to DVB

၁၉၉၇-၉၈ ခုနှစ်ကတည်းက လယ်သမားတွေဆီကနေ အစိုးရက အဓမ္မ သိမ်းဆည်းခဲ့ပြီး အနော်ရထာစက်မှုဇုန် အပိုင်း ၂ တည်ဆောက်ရေးအတွက် အသုံးပြုထားတဲ့ လယ်မြေတွေအတွက် ၀ါဝါ၀င်းကုမ္ပဏီက လယ်သမားတွေကို ကျပ် သိန်း ၉၀၀ နီးပါး လျော်ကြေးပေးအပ်ခဲ့ပါတယ်။

42 copy

မြေအသိမ်းခံရတဲ့ လယ်သမားတွေဟာ ၀ါဝါ၀င်း ကုမ္ပဏီရှေ့မှာ ရက်ပေါင်း၄၀ ကျော် ဆန္ဒပြခဲ့ပြီးနောက် လွှတ်တော်အမတ်တွေ၊ လွှတ်တော် မြေယာပြဿ    နာ ဖြေရှင်းရေး ကော်မတီဝင် လူကြီးတွေရဲ့ ကြားဝင်ဖြန်ဖြေမှုကနေ အခုလို လျော်ကြေးပေးနို င်ခဲ့တာ ဖြစ်ပါတယ်။

မေလ ၁၉ ရက်နေ့က အခမ်းအနား နဲ့ လျော်ကြေးငွေ ပေးအပ်ခဲ့ရာမှာ ၁ ဧက ပျမ်းမျှ ကျပ်ငွေ သိန်း ၈၀ ၀န်းကျင် ရခဲ့တယ် လို့ လျော်ကြေးရ သူ ဒေါ်ညွန့်ညွန့်ဝင်းက ပြောပါတယ်။

ရန်ကုန်တိုင်း အတွင်းမှာ အစိုးရက အားဓမ္မ သိမ်းယူခဲ့တဲ့ မြေဧက ၁ သိန်းကျော် ရှိနိုင်တယ်လို့ ပြည်သူ့လွှတ်တော်အမတ် ဦးခိုင်မောင်ရည်က ခန့်မှန်းထားပြီး၊ တချို့မြေကွက်တွေအတွက် လျော်ကြေးပေးငွေ စုစုပေါင်း ကျပ်ငွေ ၁၆ ဘီလီယံကျော် ရှိနေပြီလို့ တောင်ဥက္ကလာ အမတ် ဦးအောင်သိန်းလင်းကလည်း ပြောပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013