
တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်တုံးပြည်နယ်၊ ချင်းတောင်မြို့မှာ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်ရဲ့ အမှတ် ၈၃ အထူးတပ်ဖွဲ့ဟာ ဇွန် ၁၅ ရက်နေ့မှာ အဝေးရောက် ပင်လယ်လေ့ကျင့်ရေးနဲ့ ပြည်ပခရီးစဉ် လုပ်ငန်းတာဝန်တခုအတွက် ထွက်လာပါတယ်။
ဗိုလ်လောင်းနဲ့ သင်တန်းသား အယောက် ၄၀၀ ကျော်အပြင် မြန်မာနဲ့ ဘရာဇီး အပါအဝင် နိုင်ငံ ၁၀ နိုင်ငံက စစ်တက္ကသိုလ်ကျောင်းသား အယောက် ၂၀ ကိုလည်း တင်ဆောင်ထားပါတယ်။
အထူးတပ်ဖွဲ့မှာ လေ့ကျင့်ရေးသင်္ဘော ချီကျိကွမ်း (Hull 83) နဲ့ ကုန်း ရေ နှစ်သွယ်သွား ဆိပ်ကမ်းသင်္ဘော ခွန်းလွန်းရှန်း (Hull 998) တို့ ပါပါတယ်။
စစ်ဆင်ရေးအတွင်း အထူးတပ်ဖွဲ့ဟာ ပင်လယ်ပြင်မှာ ရေပေါ် စာသင်ခန်းကို ဆောင်ရွက်မှာဖြစ်ပြီး ရေကြောင်းသွားလာမှု၊ အာကာသအခြေပြု ရေကြောင်းသွားလာမှု၊ ပညာရပ်ဆိုင်ရာ အခြေခံတွေ၊ အထွေထွေ စစ်ဘက်ဆိုင်ရာ ဘာသာရပ်တွေနဲ့ သင်္ဘောပေါ်မှာ တာဝန်ကျ လေ့ကျင့်မှုတွေကို လေ့ကျင့်ပေးမှာ ဖြစ်ပါတယ်။
ခရီးစဉ်လမ်းကြောင်းတလျှောက် ဒေသတွေနဲ့ သက်ဆိုင်တဲ့ ပညာရေးဆိုင်ရာ လှုပ်ရှားမှုတွေ၊ ဟောပြောပွဲတွေကိုလည်း လုပ်ကြမှာ ဖြစ်ပါတယ်။
Source: Reuters
နိုင်ငံခြားဆိပ်ကမ်းတွေကို သွားလည်ကြချိန်မှာ ရေတပ်က ကုန်းပတ်ဧည့်ခံပွဲတွေ၊ သင်္ဘောဆီ အလည်အပတ် ခရီးစဉ်တွေ၊ ဖလှယ်ရေးလှုပ်ရှားမှုတွေကို လက်ခံ ကျင်းပမှာပါ။
ဒီမစ်ရှင်ဟာ လက်တွေ့လေ့ကျင့်မှုကို အားကောင်းစေဖို့၊ ဗိုလ်လောင်းတွေရဲ့ နိုင်ငံတကာအမြင်တွေကို ကျယ်ပြန့်စေရေး၊ နိုင်ငံခြားလုပ်ဖော်ကိုင်ဖက်တွေနဲ့ ဖလှယ်တာတွေကို မြှင့်တင်ဖို့ ရည်ရွယ်ထားပါတယ်။










