DVB Logo
Home
Lead Story
မြန်မာနိုင်ငံသားတဦးထံမှ ဘိန်းဖြူ ၄ ကီလိုဂရမ်ကျော် ဖမ်းမိ
DVB
·
May 19, 2014
မြန်မာနိုင်ငံသားတဦးထံမှ ဘိန်းဖြူ  ၄ ကီလိုဂရမ်ကျော် ဖမ်းမိ
1 / 2
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့မှာ မြန်မာနိုင်ငံသားတဦးဆီက ကာလတန်ဖိုး ဘတ် ၁၂ သန်းကျော်ရှိ ဘိန်းဖြူ အလေးချိန် ၄ ဒဿ မ ၂ ကီလိုဂရမ် ဖမ်းဆီးရမိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။

EyWwB5WU57MYnKOuFVOKdbHITCM6S4hipXL2Dq5WE5lw4WGWocFMvCနယ်မြေထဲ မူးယစ်ကုန်သည်တွေ ၀င်လာဖို့ရှိကြောင်း ကြိုတင်သတင်းရထားချက်အရ မယ်ဆိုင်မြို့မ ရဲစခန်းက ဒုရဲမှူးကြီး နတ်တနိုင်း လောဝ်နန့်တ်နဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေဟာ မသင်္ကာတဲ့ နေရာတွေ ၀င်ရောက်စစ်ဆေးရာမှာ မေလ ၁၈ ရက် ည ၈ နာရီကျော်က မယ်ဆိုင်မြို့ ပါယန်းရပ်ကွက်က အိမ်တအိမ်မှာ ၀င်ရောက်တည်းခိုနေ သူ မြန်မာတဦးထံကနေ ဘိန်းဖြူတွေ ဖမ်းမိတာလို့ သတင်းမှာ ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်းအွန် (အသက် ၄၀) နှစ်က ဖြောင့်ချက်ပေးရာမှာ သူဟာ မြန်မာနိုင်ငံ တာချီလိတ်မြို့ကဖြစ်ပြီး အဲဒီ ဘိန်းဖြူတွေကို ထိုင်းနိုင်ငံဘက်ခြမ်းကို သယ်ဆောင်ပေးဖို့ ဘတ် ၁ သိန်းနဲ့ လားဟူ မူးယစ်ကုန်သည်အဖွဲ့တွေက ငှားရမ်းခဲ့တယ်လို့ဆိုပါတယ်။

သူ့ကို မူးယစ်ဆေးဝါးဥပဒေအရ ဆက်လက် အရေးယူသွားမှာဖြစ်ပြီး ဒီအမှုနဲ့ ပတ်သက်တဲ့ ကွင်းဆက်တွေ လိုက်လံစုံစမ်းစစ်ဆေးနေတယ်လို့ ဒုရဲမှူးက သတင်းထောက်တွေကို ပြော သွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013