DVB Logo
Home
မြန်မာသတင်း
မေ ၂၀ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် (ဒေါက်တာ ထွန်းလွင်)
DVB
·
May 19, 2014
မေ ၂၀ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် (ဒေါက်တာ ထွန်းလွင်)
Donate to DVB

မေ ၁၉ ရက်နေ့ မနက် ၇း၃၀ နာရီအချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ အနောက်ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ တိမ်အသင့် အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ တိမ်အနည်းငယ်ဖြစ်ထွန်း နေပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်း၊ တောင်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါတယ်။ ကျန်ဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။

မေ ၂၀ ရက်နေ့

မြန်မာ့ပင်လယ်ပြင်အခြေအနေခန့်မှန်းချက်ကတော့ မြန်မာကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအနည်းငယ်ရှိနိုင်ပါတယ်။ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၂ ပေကနေ ၃ ပေလောက်မြင့်တက်နိုင်ပါတယ်။ ကျန်မြန်မာ့ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၃ ပေကနေ ၄ ပေလောက်မြင့်တက်နိုင်ပါတယ်။

Slide5အပူရှိန်မြင့်တက်နိုင်မှုကတော့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတွေဟာ တဖြည်းဖြည်းကျဆင်းလာနေပါတယ်။ ပဲခူးမြို့၊ ပုသိမ်မြို့၊ ရန်ကုန်မြို့၊ ဘားအံမြို့နဲ့ မော်လမြိုင်မြို့တွေမှာ လွန်ကဲအဆင့်ဖြစ်တဲ့ အညွှန်းကိန်း တန်ဖိုး ၁၁ အောက်ကို ကျဆင်းနိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းတန်ဖိုး ၃.၅ ကျရောက်နိုင်တာကတော့ ရန်ကုန်မြို့ဖြစ်ပြီး ကျန်ပြည်နယ်နဲ့တိုင်းတွေမှာ အညွှန်းကိန်း ၁၁ ကနေ ၁၂ ကျော်မြင့်တက်နိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးကျရောက်နိုင်တာကတော့ ဟဲဟိုးမြို့ဖြစ်ပြီး အညွှန်းကိန်းတန်ဖိုး ၁၂.၉ ကျရောက်နိုင်ပါတယ်။

နေ့အပူချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်ဒေသတွေမှာ နေ့အပူချိန် ၂၉ ဒီဂရီစင်တီဂရိတ် ကနေ ၃၃ ဒီဂရီစင်တီ ဂရိတ်ခန့် ရှိနိုင်ပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၄ ဒီဂရီစင်တီဂရိတ် ကနေ ၄၀ ဒီဂရီစင်တီဂရိတ် ခန့်ရှိနိုင်ပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှုခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည် နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၃၅ ရာခိုင်နှုန်းကနေ ၅၅ ရာခိုင်နှုန်းလောက် သေချာမှု ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၁၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။

မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တနင်္သာရီတိုင်းတို့မှာ မိုးရွာဖို့ သေချာမှု ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့ မိုးရွာဖို့ ရာခိုင်နှုန်း ၆၀ ရာခိုင်နှုန်း ကနေ ၈၀ ရာခိုင်နှုန်း လောက် သေချာမှုရှိနိုင်ပါတယ်။

မိုးရေချိန်ခန့်မှန်းချက်ကတော့ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တနင်္သာရီတိုင်းတို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပြီး ကျန်ပြည်နယ်နဲ့တိုင်းတွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၅ မီလီမီတာကနေ ၂၀ မီလီမီတာလောက် မိုးရွာနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပါတယ်။

မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ  အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစင်တီ ဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့သေချာမှု ၆၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။

ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၄ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့သေချာမှု ၆၀ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။

မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၁ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၅၀ ရာခိုင်နှုန်းလောက်ရှိနိုင်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013