DVB Logo
Home
Lead Story
အခွန်တံဆိပ်ခေါင်း လိုင်စင်ရပုဂ္ဂလိက ဆိုင်များတွင် ရောင်းပေးမည်
DVB
·
May 19, 2014
အခွန်တံဆိပ်ခေါင်း လိုင်စင်ရပုဂ္ဂလိက ဆိုင်များတွင် ရောင်းပေးမည်
Donate to DVB

အရောင်းအ၀ယ် စာချုပ် တံဆိပ်ခေါင်းတွေကို လက်ရှိ အမြို့မြို့အနယ်နယ်က ပြည်တွင်း အခွန်များဦးစီးဌာန ရုံးတွေမှာ ရောင်းချပေးနေရာကနေ လိုင်စင်ရ ပုဂ္ဂလိက အရောင်းဆိုင်တွေကနေတဆင့် ရောင်းချပေးနိုင်ရေး စီစဉ်နေတယ်လို့ ရန်ကုန်တိုင်း ဦးစီးမှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

လက်ရှိ အခွန်နှုန်းထားတွေ တိုးမြှင့်ထားတာကြောင့် အိမ်ခြံမြေ အပါအ၀င် အရောင်းအ၀ယ်လုပ်သူတွေ၊ တရားရုံးမှာ တရားစွဲဆိုသူတွေဟာ တံဆိပ်ခေါင်းတန်ဖိုး အများအပြား အသုံးပြုရလေ့ ရှိပါတယ်။

ဒါပေမယ့် တံဆိပ်ခေါင်းကို မြို့နယ် အခွန်ဦးစီးရုံးတွေကနေပဲ ရောင်းချပေးတာကြောင့် ရောင်းလိုအားနဲ့ ၀ယ်လိုအားမမျှပဲ ပြင်ပပေါက်ဈေးမှာ အနည်းဆုံး တန်ဖိုးရဲ့ နှစ်ဆ အထက် ပေးဝယ်နေရပါတယ်။

နေ့စဉ် ပြည်တွင်းအခွန်များ ဦးစီးဌာန ရုံးတွေမှာ တံဆိပ်ခေါင်း ၀ယ်ယူလိုသူတွေနဲ့ ကြိတ်ကြိတ်တိုး များပြားနေတဲ့အတွက် ဒီပြဿ နာ ပြေလည်စေရေး ပုဂ္ဂလိက အရောင်းဆိုင်တွေကနေ တဆင့် ရောင်းချပေးဖို့ စီစဉ်ရတာလို့ သူက ရှင်းပြပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013