DVB Logo
Home
မြန်မာသတင်း
မိုးမိတ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် အရာရှိစစ်သည်များ သေဆုံးဒဏ်ရာရ
DVB
·
December 11, 2022
မိုးမိတ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် အရာရှိစစ်သည်များ သေဆုံးဒဏ်ရာရ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ လွယ်မောက်နဲ့ ခါးချည်ကျေးရွာဘက်ကို အင်အား ၃၀၀ ၀န်းကျင်နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ KIA ၊ PDF ပူးပေါင်းတပ်တွေကြား နိုဝင်ဘာလကုန်ပိုင်းကနေ ဒီဇင်ဘာ ၅ ရက်အထိ ပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်ရဲ့ တပ်ရင်းမှူးအပါအဝင် အရာရှိစစ် သည်ဦးရေ ၇၀ ကျော် ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

တော်လှန်ရေးအဖွဲ့တွေနဲ့နီးစပ်တဲ့ဒေသခံတဦးက “မိုးမိတ်နယ်က လွယ်မောက်နဲ့ ခါးချည်ဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့  KIA- PDF ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ် တယ်။ စစ်တပ်ဘက်က အယောက်   ၇၀ ကနေ  ၁၀၀ ကြား ထိခိုက်ဒဏ်ရာရ သေဆုံးတယ်။ သေတဲ့စာရင်းထဲမှာ စစ်တပ်ရဲ့ ၂၇၈ တပ်ရင်းက တပ်ရင်းမှူးနဲ့ ၃၄၈ တပ်ရင်းက ဗိုလ်တစ်ယောက်ပါတယ်။ ၃၄၈ တပ်ရင်းက ဗိုလ်ရဲ့ အလောင်းတော့ရှာမရသေးဘူး။” လို့  ပြောပါတယ်။

မိုးမိတ်နယ်ထဲမှာ KIA- PDF အပြင်  တခြားတော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီရဲ့ စစ်ကြောင်းတွေကို ဝိုင်းဝန်းခုခံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အခုလက်ရှိ စစ်တပ်ရဲ့ စစ်ကြောင်းတွေဟာ ပိတ်ဆို့ဖြတ်တောက်တာခံထားရပြီးစစ်တပ်က လမ်းပြအဖြစ် အဓမ္မခေါ်ထားတဲ့ ကျေးရွာလူကြီး တယောက်လည်း ဒဏ်ရာရတာရှိလို့ မိုးမိတ်မြို့ကိုတက်ပြီး ဆေးကုနေရတယ်လို့ဆိုပါတယ်။

ဒေသခံတစ်ဦးက “စစ်တပ်ဘက်က အသေအပျောက်လည်းများတယ်။ ပိတ်မိနေတော့ ရဟတ်ယာဉ်နဲ့ စားစရာတွေတောင် ချပေးရတယ်။ လွန်ခဲ့တဲ့ တပတ်က ရွာဥက္ကဋ္ဌကို စစ်တပ်ကလမ်းပြခေါ်သွားတယ်။ ဥက္ကဋ္ဌက မိုင်းထိသလား။ သေနတ်မှန်သလားတော့ မသိဘူး။ ခြေထောက်မှာ ဒဏ်ရာရတယ်။ ဒဏ်ရာရတော့ မိုးမိတ်က ပါရမီရှင်အသင်းကိုသွားတယ်။ ပါရမီရှင်အသင်းက အဲ့ဒီဒဏ်ရာရတဲ့ကျေး ရွာဥက္ကဋ္ဌကို ထွေအုပ်ရုံးကို ပို့ပေးလိုက်တယ်။လို့ ပြောပါတယ်။

မိုးမိတ်မြို့နယ်က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူကို အများအပြားအသုံးပြုခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။ 

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ  စစ်ကောင်စီတပ်နဲ့ KIA ကချင်တပ်၊ TNLA တအာင်းတပ်၊ MNDAA ကိုးကန့်တပ်အပြင် EROs ပူးပေါင်း PDF တပ်တွေနဲ့ပါ တိုက်ပွဲဖြစ်ပွားနေပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က အရာရှိစစ်သည်တွေ ထိခိုက်သေဆုံးတဲ့အပြင် သုံ့ပန်းအဖြစ်ဖမ်းဆီးခံထားရတာတွေလည်းရှိနေပါတယ်။

လက်ရှိရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီကဘက်ကတော့ တရားဝင်သတင်းထုတ်ပြန်  မရှိသေးပါဘူး။ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားတွေရဲ့ ထိခိုက်ကျဆုံးမှု အရေအတွက်ကိုလည်း  သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013