DVB Logo
Home
မြန်မာသတင်း
မြန်မာ-၀မ်ဘောင် ၀န်ထမ်း ၂ ဦးကို ဒေသခံရွာသားများ ဖမ်းဆီး
DVB
·
May 19, 2014
မြန်မာ-၀မ်ဘောင် ၀န်ထမ်း ၂ ဦးကို ဒေသခံရွာသားများ ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်း ကြေးနီစီမံကိန်းကို တာဝန်ယူဆောင်ရွက်နေတဲ့ မြန်မာ-၀မ်ဘောင် ကုမ္ပဏီရဲ့ တရုတ် နိုင်ငံသား ၂ ဦးကို ဆည်တည်းကျေးရွာဟောင်းမှာ ရွာသူရွားသားတွေက ဖမ်းဆီးထိန်းထိမ်းထားပြီး ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခွင့်တောင်းနေပါတယ်။

မေ ၁၈ ရက်နေ့ မနက်ပိုင်းလောက်က သတ္တုတူးဖော်ရေးစီမံကိန်း တောင်ဘက်မှာ ဆည်တည်းရွာရဲ့ အရှေ့မြောက်ဘက်မှာ ဆန်းစစ်လေ့လာမှုတွေ လုပ်ဆောင်ဖို့ သွားရောက်ရာမှာ တရုတ် ၀န်ထမ်း ၂ ဦးနဲ့ မြန်မာယာဉ်မောင်းတဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

[caption id="attachment_56825" align="alignright" width="300"]ထိန်းသိမ်းခံထားရသည့် တရုတ်နိုင်ငံသား ၂ ဦး (ဓာတ်ပုံ - Ko Han Win Aung) ထိန်းသိမ်းခံထားရသည့် တရုတ်နိုင်ငံသား ၂ ဦး (ဓာတ်ပုံ - Ko Han Win Aung)[/caption]

မေလ ၁၈ ရက်နေ့မနက်မှာ ဆည်တည်းရွာဟောင်းကနေ ရဲက တက်ကြွလှုပ်ရှားသူ ကိုအောင်စိုးကို ဖမ်းဆီးသွားခဲ့ပြီးတဲ့နောက် ပြန်လွတ်ဖို့ ကြိုးစားတဲ့ ရွာသားတွေက ရုံးပိတ်ရက်မှာ မြေတိုင်းလာတဲ့ တရုတ် ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတာလို့ ဆည်တည်းရွာသူ မ၀င်းဝင်းဌေးက ပြောပါတယ်။

စီမံကိန်းအတွက် လျော်ကြေးမယူထားတဲ့ သူတွေရဲ့ မြေယာတွေနဲ့ ပတ်သက်ပြီး ဒေသခံတွေက အကြိမ်ကြိမ်ဖြေရှင်းပေး ဖို့ တောင်းဆိုခဲ့ပေမယ့်မရသလို ဆက်ဆံရေးရုံးကို အကြိမ်ကြိမ် သွားရောက်ရာမှာလည်း အထက်ကို တင်ပြမယ်လို့ အကြောင်းပြန်ခဲ့တဲ့ အတွက် အခုလို ဖမ်းဆီးခေါ်ဆောင်လာတာလို့ ပြောပါတယ်။

“ဒေသခံတွေက အကြိမ်ကြိမ်တောင်းဆိုမှုတွေ လုပ်ပေမယ့် တာဝန်ယူမှု၊ တာဝန်ခံမှု အာဏာပိုင်တွေဘက်က တခုမှမလုပ်ဘဲ ကျမတို့ဒေသခံတွေကို အာဏာနဲ့ မတရားလုပ်တဲ့ ပုံစံက မနေ့က တနင်္ဂနွေ ရုံးပိတ်ရက်မှာ လျော်ကြေးမယူထားတဲ့ မြေတွေကိစ္စ မဖြေရှင်းတဲ့အပြင် သံဆူးကြိုးထပ်ခတ်ဖို့ သူတို့က လာပြီး မြေတိုင်းထွာတဲ့အချိန်နဲ့ ကျမတို့ တွေ့တဲ့အချိန်မှာ တရုတ် ၂ ယောက်ကို ထိန်းသိမ်းတဲ့အနေနဲ့။ ဘာလို့ ထိန်းသိမ်းတာလဲဆိုရင် ပထမ သံဆူးကြိုးခတ်တဲ့ကိစ္စ၊ နောက်ထပ်ခတ်တဲ့ကိစ္စတွေ ဖြေရှင်းပေးဖို့ ၀မ်ဘောင်က အကြီးတန်းတယောက်ကို တွေ့ချင်တယ်။ ဦးပိုင်နဲ့ ၀မ်ဘောင်က အကြီးအကဲနဲ့ တွေ့ပေးမယ်ဆိုရင် တရုတ် ၂ ယောက်ကို ပြန်လွှတ်ပေးမယ်။”

မြန်မာ-၀မ်ဘောင်ကုမ္ပဏီကလည်း သူ့ဝန်ထမ်းနှစ်ဦးကို ပြန်ပေးဆွဲထားသူတွေက ဖမ်းဆီးထားတဲ့ တက်ကြွလှုပ်ရှားသူ ကိုအောင်စိုးကို လွှတ်ပေးဖို့၊ စီမံကိန်းအတွက် ကာထားတဲ့ ခြံစည်းရိုးတွေကို ဖြိုချဖို့နဲ့ အစိုးရဆီက မြေယာလျော်ကြေး မယူထားတဲ့ ရွာသားတွေမြေတွေမှာ ကာရံထားတဲ့ စည်းရိုးတွေကို ဖြုတ်ချဖို့ တောင်းဆိုတယ်လို့လည်း ကြေညာချက်ထုတ်ပြန်လိုက်ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

မေ ၁၈ ရက်နေ့ ညနေ ၆ နာရီလောက်မှာ တရုတ် ၂ ဦးနဲ့အတူ ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသား ယာဉ်မောင်း ကို လွှတ်ပေးလိုက်ပေမယ့် တရုတ်နိုင်ငံသား ၂ ဦးကိုတော့ ဆက်လက်ထိန်းသိမ်းထားသလို ကိုအောင်စိုးကို လွှတ်ပေးဖို့ တောင်းဆိုချက်ကို တောင်းဆိုခြင်းမရှိတော့ဘူးလို့ ဆိုပါတယ်။

ရဲတွေ လာကယ်ရင်တော့ ဖမ်းဆီးထားတဲ့သူတွေကို ထိခိုက်အောင် လုပ်ဆောင်မယ်လို့ ခြိမ်းခြောက်ထားတဲ့ အကြောင်းလည်း ထုတ်ပြန်ချက်က ရေးပါတယ်။

ဆားလင်းကြီး အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့် ကတော့ ဒီလိုလုပ်ဆောင်ချက်ဟာ ပြန်ပေးဆွဲတဲ့ ပုံစံ ဖြစ်သလို အရေးယူဆောင်ရွက်သွားဖို့ စီစဉ်နေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ဖမ်းဆီးထားတဲ့နေရာကို သွားရောက်သတင်းရယူခဲ့တဲ့ ဒီဗွီဘီ သတင်းထောက် ဒေါ်တင်မာဆွေက ရွာသူရွာသားတွေက ၀မ်ပေါင် ၀န်ထမ်းတွေကို လက်ပြန်ကြိုးတုပ်ခေါ်ဆောင်လာခဲ့ပြီး ဆည်တည်း ရွာမှာ ကောင်းကောင်းမွန်မွန်ထားထားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ကျောက်ဖြူတိုင်ရွာမှာ စခန်းချထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ရဲကားငါးစီးနဲ့ မော်တော်ဆိုင်ကယ် ၁၂ စီးကိုလည်း ကျောက်ဖြူတိုင်ရွာသားတွေက ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအခြေအနေမှာတော့ သက်ဆိုင်ရာက ဆည်တည်းနဲ့ ဇီးတောရွာတွေကို ၀င်ရောက် စီးနင်းနိုင်ဖွယ် ရှိနေတယ်လို့လည်း သူက ပြောပါတယ်။ အပြည့်အစုံ အသံဖိုင်နားဆင်ရန်
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013