DVB Logo
Home
မြန်မာသတင်း
တီလားဗီယားငါးကို စနစ်တကျ မွေးမြူရန် လိုအပ်ဟု ငါးလုပ်ငန်းအဖွဲ့ချုပ် ပြော
DVB
·
May 18, 2014
တီလားဗီယားငါးကို စနစ်တကျ မွေးမြူရန် လိုအပ်ဟု ငါးလုပ်ငန်းအဖွဲ့ချုပ် ပြော
Donate to DVB

အီးယူနဲ့အမေရိကားတို့ရဲ့ ဈေးကွက်ဝေစုကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် ပြည်တွင်းမှာ မွေးမြူရေးလုပ်ငန်းရှင်တွေအနေနဲ့ တီလားဗီးယားငါးကို စနစ်တကျ မွေးမြူထုတ်လုပ်နိုင်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က ထုတ်ဖော်ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံအပေါ် အီးယူနဲ့အမေရိကားတို့က ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ်ကစလို့ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ခဲ့တဲ့အတွက် အခြားဈေးကွက် (အရှေ့အလယ်ပိုင်းနိုင်ငံ) တွေရဲ့ လိုအပ်ချက်ဖြစ်တဲ့ ရေချို ငါးမြစ်ချင်းနဲ့ငါးကြင်း စတာတွေကိုဘဲ မွေးမြူထုတ်လုပ်ပြီး တင်ပို့နေတာပါ။

Myanmar fishအခုတော့ ဒီဈေးကွက်ကြီး ၂ ခုက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့ထားရှိတာကို ဖယ်ရှားပြီးဖြစ်လို့ မြန်မာ့ရေထွက်ပို့ကုန်တွေက တင်ပို့ခွင့်ရရှိနေပြီဖြစ်ပါတယ်။

ဒါကြောင့် ဒီဈေးကွက်ကြီး ၂ ခုကို တင်ပို့မယ်ဆိုရင် လိုအပ်ချက်က ဘာတွေရှိပါသလဲ။ ဒါနဲ့ပတ်သတ်လို့ မြန်မာနိုင်ငံငါး လုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ဒီဗွီဘီကို အခုလို ပြောပါတယ်။
“မြန်မာနိုင်ငံထဲမှာ ရှိတဲ့ တီလားဗီးယားဆိုတာ စနစ်တကျမွေးတာ မဟုတ်ဘူး။ သဘာဝအရ သူ့ဘာသူ အလေ့အကျပေါက်ပြီးတော့ အခြားငါးတွေနဲ့ ကြီးလာတဲ့ငါးတွေထဲက ကြီးတဲ့ငါးတွေ ဖမ်းဖမ်းရောင်းတော့ သူက ထုတ်လုပ်မှုကလည်း စနစ်မကျဘူး။ ကျနော်တို့ ဆီမှာ ပြဿ နာရဲ့ အရင်းအမြစ်က ၃ မျိုးက အဓိကဖြစ်နေတယ်။ ၁ မျိုးက အရင်းအနှီးအလုံလောက်ဘူး။ နံပတ် ၂ က နည်းပညာပိုင်းမှာ ချို့တဲ့မှုတွေ ရှိသေးတယ်။ အဲဒီအပိုင်းကို ပြုပြင်ပေးရမယ်။ နံပတ် ၃ က ဈေးကွက်မှာ ရောင်းတတ်ဝယ်တတ်အောင် ပြုပြင်ထုတ်လုပ်တာတွေကို စနစ်တကျ ဆောင်ရွက်ဖို့ လိုတယ်။”

လက်ရှိမှာဆိုရင် အီးယူနဲ့ အမေရိကားဈေးကွက်တွေဆီ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ ဗီယက်နမ်တို့က တင်ပို့မှုရှိနေတာပါ။ ဒါကြောင့် မြန်မာက ဒီနိုင်ငံ ၂ခုကို အဓိကယှဉ်ပြိုင်ရမယ့် အခြေအနေမှာရှိတဲ့အကြောင်း ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူးက ဆက်လက်ပြောပါတယ်။

ဒီ့ပြင် မြန်မာ့ရေထွက်ပို့ကုန်လုပ်ငန်းတွေရဲ့ ဖွံ့ဖြိုးမှုကလည်း လိုအပ်ချက်တွေ ရှိနေပါတယ်။ ဒါကတော့ လုပ်ငန်းရှင်တွေအနေနဲ့ လိုအပ်တဲ့ ရင်းနှီးငွေ မလုံလောက်မှု ပြဿ နာ အပါအ၀င် အခြားစိန်ခေါ်မှုတွေကလည်း ရှိနေတာဖြစ်လို့ အစိုးရပိုင်းက ဆောင်ရွက်ပေး ဖို့လိုတဲ့အကြောင်း ဦးဝင်းကြိုင်က ထောက်ပြပြောဆိုခဲ့ပါတယ်။

“လိုအပ်နေတဲ့ အခြေအနေအပေါ်မှာ လုံလောက်တဲ ချေးငွေ ကို နှစ်တို၊ နှစ်ရှည်၊ နှစ်လတ် အတိုးသက်သာတဲ့ နှုန်း၊ နိုင်ငံတကာ စံနှုန်းတွေနဲ့ ဖြည့်ဆည်းပေးဖို့လိုတယ်။ နည်းပညာ အားနည်းမှုကို ဖြည့်ဆည်းဖို့ကတော့ နိုင်ငံတကာက ရလာတဲ့ နည်းပညာပိုင်းဆိုင်ရာတွေ အကူအညီတောင်းဖို့ လိုသလို၊ ပြည်တွင်းမှာ ဖွံ့ဖြိုးရေးနဲ့ သုတေသနပေါ့၊ အသုံးချတဲ့ သုတေသနတွေကို အစိုးရကော တက္ကသိုလ်ကျောင်းတွေရော ပုဂ္ဂလိက ပိုင်းကရော ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပြီးတော့ ရလာတဲ့ ရလဒ်တွေကို လက်တွေ့လုပ်ငန်းတွေထဲမှာ နည်းပညာတွေကို ဖြည့်တင်းပေးဖို့လိုတယ်။ နောက် ဈေးကွက်ဆိုင်ရာ ဗျူဟာတွေကို ညှိနှိုင်းဆွဲဖို့ ကတော့ အစိုးရက လိုကို လိုတယ်ဗျ။ ဒါက ပုဂ္ဂလိကပဲ လုပ်လို့မရဘူး။”

ပြီးခဲ့တဲ့ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်က မြန်မာ့ရေထွက်ကုန်တင်ပို့မှုကနေ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၅၃၆ သန်းသာ ရှိလို့ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်နဲ့ယှဉ်ရင် ပို့ကုန်တန်ဖိုးက အမေရိကန်ဒေါ်လာ ၁၁၆ သန်း လျော့ကျမှု ရှိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013