DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးနှင့် အပစ်ရပ်ဆွေးနွေးပွဲများတွင် အမျိုးသမီးများ ပါဝင်လို
DVB
·
May 18, 2014
ငြိမ်းချမ်းရေးနှင့် အပစ်ရပ်ဆွေးနွေးပွဲများတွင် အမျိုးသမီးများ ပါဝင်လို
Donate to DVB

ငြိမ်းချမ်းဆွေးနွေးပွဲပဲဖြစ်ဖြစ်၊ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲပဲဖြစ်ဖြစ် စားပွဲဝိုင်းမှာ အမျိုးသမီးတွေ ပါဝင်ဆွေးနွေးချင်တယ်လို့ အမျိုးသမီးကွန်ရက်အဖွဲ့တွေက ပြောဆိုလိုက်ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေကို တရားဝင် ဖိတ်ခေါ်ပါဝင်ခွင့် မပြုသေးတာဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲဖို့ကိစ္စနဲ့ သေနတ်သံတွေ ရပ်ဖို့ပြောတဲ့ကိစ္စ၊ အမြန်ဆုံး အကောင်ထည်ဖော်ဖို့နဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့တွေမှာ အမျိုးသမီးတွေ ပါကိုပါဝင်သင့်တယ်လို့ ကျားမတန်းတူ အခွင့်အရေးအဖွဲ့ ညှိနှိုင်းရေးမှူး ဒေါ်မေစံပယ်ဖြူက ဒီဗွီဘီကို ပြောပါတယ်။

စစ်ဖြစ်တဲ့အခါမှာ အမျိုးသမီးတွေမှာ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာတွေမှာ အများဆုံးထိခိုက်ခဲ့ရသူတွေ ဖြစ်ပေမယ့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွေမှာတော့ အမျိုးသမီးတွေ ပါဝင်ခွင့်မရတာဟာ မြန်မာနိုင်ငံရဲ့အားနည်းချက်တခုဖြစ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အပစ်အခတ်ရပ်စဲရေးအတွက် လက်မှတ်ထိုးတဲ့အဖွဲ့တွေ ၁၁ ဖွဲ့ရှိသွားပြီး အကောင်ထည်ဖော်တဲ့ နေရာမှာတော့ အားနည်းနေကြောင်း၊ အမျိုးသမီးတွေ ပါဝင်ရင် ခိုင်မာမှုပိုရှိလာမယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ဝင် ဒေါ်ခွန်ဂျာက ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေးဆွေးနွေးတဲ့နေရာမှာ အမျိုးသားတွေသာ ဆွေးနွေးနေတာဖြစ်တဲ့အတွက် ညှိနှိုင်းဆောင်ရွက်တဲ့နေရာမှာ တဖက်နဲ့တဖက် မာန်မာနတွေ ရှိနေတာကြောင့် လက်မှတ်ရေးထိုးပေမယ့် အပစ်အခတ် ရှိနေသေးတာလို့ ဆိုပါတယ်။

အမျိုးသမီးတွေအနေနဲ့ အပစ်အခတ်ရပ်စဲရေး စားပွဲဝိုင်းဆွေးနွေးပွဲတွေမှာ ပါဝင်လာနိုင်ပါက စစ်ပွဲတွေ့မှာ ထိခိုက်ခံစားနေရတဲ့ အမျိုးသမီးတွေ၊ ကလေးတွေကို ကယ်တင်လာနိုင်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) စီးအီစီး ဒေါ်မေဝင်းမြင့်က ပြောပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013