DVB Logo
Home
မြန်မာသတင်း
ပုသိမ်-ရန်ကုန် ရထားလမ်းအတွက် သိမ်းဆည်းလယ်ယာမြေလျော်ကြေးရရန် တောင်းဆို
DVB
·
May 17, 2014
ပုသိမ်-ရန်ကုန် ရထားလမ်းအတွက် သိမ်းဆည်းလယ်ယာမြေလျော်ကြေးရရန် တောင်းဆို
Donate to DVB

ရန်ကုန်-ပုသိမ် ရထားလမ်းဖောက်လုပ်တုန်းက လယ်တွေ ဆုံးရှုံးခဲ့တဲ့လယ်သမားတွေက လျော်ကြေးပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုလိုက်ကြပါတယ်။

farmerလွန်ခဲ့တဲ့ ၇ နှစ်လောက်က သိမ်းဆည်းခဲ့တဲ့ လယ်မြေတွေအတွက် လျော်ကြေးရရှိဖို့အတွက် လယ်သမားတွေလက်မှတ်ထိုးပြီး မြို့နယ်အုပ်ချုပ်ရေးမှူးဆီကို ပြီးခဲ့တဲ့ ရက်ပိုင်းက တင်ပြခဲ့တယ်လို့ ဒေသခံ လယ်သမား ဦးမြင့်နိုင်က ပြောပါတယ်။

“၂၀၀၇ ကနေသိမ်းပြီးတော့ အခု ၂၀၁၄ အထိ သိမ်းခဲ့တယ်။ လျော်ကြေးပေးခဲ့ဖူးပေးမယ့် ၂၀၁၃ က မြေစာရင်းက စိစစ်ပြီးတော့ ယနေ့အချိန်အထိ ကျနော်တို့ကို မပေးသေးဘူး။”

မရသေးဘူး ဆိုရင်တော့ အထက်အဆင့်ဆင့်အထိ တင်ပြဖို့ ကြိုးစားမယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကန်ကြီးထောင့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်စိန်က ဒီဗွီဘီကို အခုလို ပြောပါတယ်။

“အပေါ်ကအဆင့်အနေအထားတော့ မသိဘူး။ ကျနော်တို့ အောက်ခြေက ညှိနှိုင်းပေးပြီး ဆောင်ရွက်ထားတဲ့အဆင့်ကိုတော့ ဆောင်ရွက်ပေးပြီးဖြစ်တယ်။ မီးရထားက လျော်ကြေးပေးရမှာ ဖြစ်တယ်။ အဲဒီကြားထဲမှာ ဘယ်လိုဖြစ်သလဲဆိုတော့ အဲဒီအဆင့်အထိတော့ မသိရဘူးပေါ့နော်။ ကျနော်တို့အပိုင်းက လယ်သမားတွေရဲ့ နစ်နာကြေးကို မရရအောင် ဆောင်ရွက်ပေးမယ်ဆိုပြီး လယ်သမားတွေနဲ့ အားလုံးထိတွေ့ပြီး တွေ့ရှိချက်တွေကို တဦးချင်းရဲ့ ပိုင်ဆိုင်မှုတွေကို မြေစာရင်းနဲ့ တိုင်းတာပြီး အကုန်လုံးအချက်အလက်တွေနဲ့ တင်ထားပေးပြီး ဖြစ်ပါတယ်။ အောက်ခြေ အဆင့်က တင်ပေးပြီးတဲ့အပေါ်မှာ အထက်အဆင့်ရဲ့ ဆောင်ရွက်ချက်ကို လောလောဆယ် ဘယ်အဆင့်မှာ ဘယ်လို ရောက်နေတာဆိုတာပဲ မပြောနိုင်တာပဲ ရှိတယ်။”

လယ်သမားတွေဘက်က တင်ပြတဲ့ စာကို လက်ခံရရှိလို့ အထက်အဆင့်ဆင့်က ရုံးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို သူ့အနေနဲ့ စုံစမ်းနေတယ်လို့ ဦးမြင့်စိန်က ပြောပါတယ်။ သူတို့အနေနဲ့ လယ်မြေ ၁ ဧကကို ပျမ်းမျှ ၅ သိန်းနှုန်းနဲ့ တန်ဖိုးဖြတ်ပေးခဲ့တယ်လို့လည်း သူကပြောပါတယ်။

ဒီလိုအဖြစ်အပျက်မျိုးဟာ တပ်မတော်အစိုးရလက်ထက်တုန်းက နိုင်ငံတ၀န်း ဖြစ်ပွားခဲ့ပြီး လယ်ယာမြေ ဧကပေါင်း ၃ သိန်းဝန်းကျင်လောက် သိမ်းဆည်းခံခဲ့ရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013