DVB Logo
Home
မြန်မာသတင်း
ခရမ်းမြို့နယ်၌ CDM မူလတန်းပြဆရာ ၁ ဦး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ
DVB
·
December 6, 2022
ခရမ်းမြို့နယ်၌ CDM မူလတန်းပြဆရာ ၁ ဦး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ
Donate to DVB

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ အထက (ခွဲ) ကံကောင်းဟောင်းက CDM မူလတန်းပြဆရာ ဦးထက်မြတ်အောင်ကို  ဒီဇင်ဘာ ၂ ရက်မှာ စစ်ကောင်စီက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့တာနဲ့ပတ်သက်လို့ ခရမ်းမြို့နယ် အခြေခံပညာရေးလုပ်သားများသမဂ္ဂက ကန့်ကွက် ကြောင်း ကြေညာပါတယ်။

ဦးထက်မြတ်အောင်ကို သူ့နေအိမ်မှာပဲ စစ်ကောင်စီတပ်က ဝင်ရောက် ဖမ်းဆီးခဲ့ပြီး သက်သေမခိုင်လုံဘဲ ပုဒ်မ ၅၀ (ည) နဲ့ တရားစွဲခဲ့က  အလုပ်ကြမ်းနဲ့   ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တာလို့ ခရမ်းပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် သာမန် CDM ကျောင်းဆရာတယောက်အဖြစ် နေထိုင်ခဲ့တဲ့ ပညာရေးဝန်ထမ်း မူလတန်းပြ CDM  ကျောင်းဆရာ ဦးထက်မြတ်အောင်ကို ၂၀၂၂ ဖေဖော်ဝါရီ  ၂၃ ရက်မှာ ရပ်ကွက်လူကြီးတချိုနဲ့  စစ်ကောင်စီတပ်ဖွဲဝင်တွေက အင်အားသုံးပြီး သူ့အိမ်မှာဝင်ရောက် ဖမ်းဆီးခဲ့တာပါ။ 

ခရမ်း အခြေခံပညာရေးလုပ်သားများသမဂ္ဂက တာဝန်ရှိသူက “ကျနော်တို့ CDM ဝန်ထမ်းတွေက အခုချိန်အထိ လုံခြုံရေး၊ စီးပွားရေးအခက်အခဲ အမျိုးမျိုးကြားက နေထိုင်ရပ်တည်နေရတဲ့အပြင် တစ်ခုခုဖြစ်တာနဲ့ CDM တွေကို မတရားစွပ်စွဲ ဖမ်းဆီးပြီး အကြမ်းဖက်ပုဒ်မတွေနဲ့ မတရားအမိန့်ချနေတဲ့ အပေါ်မှာတော့ ကျနော်တို့ အနေနဲ့ လုံးဝ ရှုတ်ချပါတယ်။ အကြမ်းမဖက် အာဏာဖီဆန်မှု CDM လှုပ်ရှားမှု အမျိုးမျိုးပြိုလဲအောင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်တိုက်ပြုလုပ်နေတယ်လို မြင်ပါတယ် ၊ CDM  ဝင်ထားသူတွေအတွက် လူမှုရေးကူညီစောင့်ရှောက်မှုတွေ ဖေးမကူညီမှုတွေ အများကြီး လိုအပ်နေပါတယ်" လို့ ပြောပါတယ်။

CDM ဝန်ထမ်းတွေဟာ လက်ရှိကာလ လူမှုစီးပွားရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရကာ လုံခြုံရေးအရလည်း အမြဲခြိမ်းခြောက်ခံနေရပြီး  စစ်ကောင်စီဘက်ကလည်း  မတရားဖမ်းဆီးထိန်းသိမ်းပြီး  နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတာပါ။ 

CDM ဝန်ထမ်းတွေဟာ  ကူညီစောင့်ရှောက်မှုတွေ ဘာမှ ထိထိရောက်ရောက် မရရှိတာကြောင့် အချိန်ကြာလာတာနဲ့အမျှ  စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ကြားက ကြံ့ကြံ့ခံပြီး စစ်အာဏာရှင်ကို အာဏာဖီဆန်ပြီး ဆက်လက်ဆန့်ကျင်တော်လှန်နေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013